တရုတ်လုပ်ငန်းတွေကို ဦးတည်တိုက်ခိုက်လာတဲ့ NUG/PDF

Views


တရုတ်- မြန်မာဖက်စပ်ဘီစကစ်စက်ရုံ (Myanmar Ding Wang) ကို PDF များက ဓားပြဝင်တိုက်ကာ ကျပ်သိန်း (၃ဝဝ)ခန့်နှင့် မော်တော်ယာဉ်တစ်စီးတို့ကို ယူဆောင်ထွက်ပြေးသွားမှု ယနေ့ အောက်တိုဘာလ ၅ ရက် နံနက် က ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

-

အဆိုပါ ဘီစကစ်စက်ရုံမှာ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန်မြို့၏အနောက်တောင်ဘက် (၂၂) မိုင်ခန့်အကွာ မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်း (Phase-1)တွင် လုပ်ငန်းလုပ်ကိုင်နေသောစက်ရုံ ဖြစ်ပါတယ်။

-

နံနက် ၇ နာရီမထိုးမီအချိန်ခန့်က PDF ၅ ဦး ဆိုင်ကယ် ၃ စီးဖြင့် စက်ရုံဝင်းအတွင်း ဝင်ရောက်လာပြီး လက်နက်ငယ်များဖြင့် ခြိမ်းခြောက်ကာ စက်ရုံမန်နေဂျာရုံးခန်းအတွင်းဝင်ရောက်၍ လစာ ကျပ်သိန်း(၃၀၀) ခန့်ကို ယူဆောင်လျက် စက်ရုံဝင်းအတွင်းရပ်ထားသည့် စက် ရုံပိုင် Honda Fit အမျိုးအစား၊ အပြာရောင် IK-1753 ကိုပါ မောင်းနှင်သွားကြောင်း သိရပါတယ်။

-

အနောက်အုပ်စုလက်ဝေခံ NUG/PDF တွေအနေနဲ့ တရုတ်ရဲ့စီးပွားရေးလုပ်ငန်းတွေကို ထပ်မံတိုက်ခိုက်လာဖို့ ရှိလို့ သတိထားဖို့လိုပါမယ်။ တရုတ်အစိုးရကလည်း နစကနဲ့ အကြမ်းဖက်နှိမ်နင်းရေးလုပ်ငန်းတွေ ရေးဆွဲ Plan ချ နေပြီလို့ သိရှိရပါတယ်။

KT

Post a Comment

Previous Post Next Post