Knowledge Sharing

Views


မန္တလေးက ဒေါက်တာ ဇော်မြင့်မောင် အုပ်ချုပ်ခဲ့လို့၊ စီမံခန့်ခွဲမှု ကောင်းလို့ တိုးတက်မှုရှိခဲ့တယ်ဆိုတဲ့ ပိုစ့်လေး တွေ့ရလို့ပါ။ မန္တလေးက ဒေါက်တာရဲလွင်နဲ့ ဒေါက်တာ ဇော်မြင့်မောင်တို့ကြောင့် တခြားမြို့တွေထက် ပိုပြီး ပေါ်လွင်ခဲ့တာတော့ မငြင်းပါဘူး။ ဒါပေမယ့် ဒါက ဖက်ဒရယ် သဘောတရားအရ ဘဏ္ဍာငွေ သုံးစွဲမှုမှာ အခြား ကဏ္ဍနဲ့ ကျေးရွာဒေသတွေကို လစ်လျူရှုပြီး မြို့ပေါ်ကိုပဲ ပိုပိုသာသာ သုံးစွဲခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ထောက်ပြတဲ့သူ အတော်လေး ရှားပါလိမ့်မယ်။

-

မြန်မာနိုင်ငံမှာ နိုင်ငံရေးဘက်ကို ခြေလှမ်း လှမ်းချင်တဲ့သူတွေဟာ ပြည်သူကြိုက်အောင် ဘယ်လိုနေရမလဲ ဆိုတဲ့ နီတိတွေကို အများစုက သိလျက်နဲ့ လစ်လျူရှုတတ်ကြတယ်။ ရှက်ကြတာလည်း ပါပါလိမ့်မယ်။ ငါ့အဆင့်နဲ့ လုပ်စရာလားလို့ ထင်တာမျိုးလညိး ဖြစ်ကောင်းဖြစ်မှာပေါ့။ နိုင်ငံရေးသမားက နိုင်ငံရေးသမား မပီသရင်၊ မူဝါဒတွေ ထိမ်းသိမ်းလွန်းအားကြီးရင် ‌ပြည်သူကြိုက်ဖို့ အခွင့်အလမ်း နည်းပါတယ်။ ဒီလို မျက်ရည်ချူ လုပ်ရပ်က ပြည်သူအပေါ်မှာ စေတနာပါချင်မှပါမှာဖြစ်ပေမယ့် လက်တွေ့မှာတော့ အတော်လေး အသုံးဝင်ပါတယ်။ အထူးသဖြင့် လှိုင်သာယာက ကျူးတွေဆီမှာ ပဆစ်တုပ်ထိုင်ပြီး အာပလာ ရိုက်ခဲ့တဲ့ ပုံစံတွေဟာ လူထုဆီက မဲရဖို့အတွက်တော့ လုံလောက်တဲ့ အိုက်တင်လို့ ဆိုရပါ့မယ်။

-

မန္တလေးအကြောင်း ပြန်ဆက်ရရင် မြို့ပေါ်ကို သိသိသာသာ ငွေကြေးသုံးစွဲခဲ့ပေမယ့် မြို့နယ်ထဲက ကျေးရွာတွေမှာတော့ NLD ပါတီက အားထည့် ဆောင်ရွက်ခဲ့တာမျိုး မရှိဘူး။ မြို့တော်ဝန်ဖြစ်တဲ့ ဒေါက်တာရဲမှာလည်း နောက်တဆက်လျာထားသူအဖြစ်နဲ့ နာမည်ထွက်တာကလည်း ပါကောင်းပါမှာပေါ့။ ပြောချင်တာက ပြည်သူတွေမျက်စိနဲ့ ချက်ချင်းမြင်နိုင်တဲ့အရာတွေကိုပဲ NLD က ရွေးလုပ်ခဲ့တယ်၊ ဖိလုပ်ခဲ့တယ် ဆိုတဲ့ အချက်ပါ။

-

ဥပမာ လျှပ်စစ်ဓာတ်အား မလုံလောက်လို့ အခက်အခဲဖြစ်တဲ့အခါ ဓာတ်အားပေး သင်္ဘောကြီးကို နှစ်ပြတ် စာချုပ်နဲ့ငှားပြီး မီးပေးခဲ့တာမျိုး။ ဒါမျိုးက လတ်တလော အာဏာရထားချိန်ပဲ ကောင်းတယ်။ နှစ်ရှည် စီမံချက် မပါလို့ ပြည်သူတွေအတွက် နစ်နာတယ်။ NLD ရဲ့ရည်မှန်းချက်ကလည်း နှစ်ရှည် ပလန်မရှိဘူး။ နောက် ၅ နှစ် အာဏာဆက်ရဖို့ ဒီ ၅ နှစ်မှာ အဆင်ပြေသလို မီးစင်ကြည့်ကမယ်ဆိုတဲ့ အတွေးပဲ သူတို့ရှိတယ်။ ဒါ့ကြောင့်လည်း ထောင်ထွက်တွေနဲ့ ဖွဲ့ထားတဲ့အစိုးရမှာ စွမ်းရည်မြင့်ပြီး အရည်အချင်း ရှိသူတွေ မပါလာခဲ့ဘူး။ ဒါ့ကြောင့်လည်း နိုင်ငံခြားသား အယောက် ၉၀ ကျော်ကို ပညာရှင်ဆိုပြီး ငှားသုံးခဲ့ရတာပဲ။ NLD လုပ်တတ်တာဆိုလို့ ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ ကြွေးကြော်သံနဲ့ အစိမ်းရောင် ဆိုင်းပုဒ်တွေကို အနီရောင် လျှောက်ပြောင်းတာပဲ လုပ်ခဲ့ကြတယ်။ ရန်ကုန်ကနေ ချောင်းသာကို မိုးပျံရထားကြီး လုပ်တော့မယ်ဆိုပြီး ဂျင်းထည့်တယ်။ စိန်စီသောလမ်းခင်းလို့ ရလောက်အောင် ပဲခူး- ကျိုက်ထို မြို့ရှောင်လမ်းကြီး ကို ဇီးသီး ဗန်းမှောက်ကြတယ်။ အဆိုးဆုံးကတော့ ပြည်သူ့အခွန်ငွေကို သုံးချင်သလို သုံးတဲ့ ကယားဝန်ကြီးချုပ်ကို အစိုးရ တစ်ရပ်က ဘာမှ အရေးမယူနိုင်ခဲ့တဲ့ ဖြစ်ရပ်တွေက ရုပ်ဆိုး အကျည်းတန်ဆုံးပဲ။

-

ဒေါက်ဇော်အကြောင်း ပြန်ဆက်ရရင် chat box list ပေါက်ကြားလို့ ကိုရွှေခီးကို ထောင်ထဲ ထည့်ခဲ့တာမျိုး၊ ရုံးဌာနတွေမှာ ဘုရားစင် မရှိရဘူးဆို‌တဲ့ အတွေးအခေါ်မျိုး တွေးခဲ့တဲ့လူမျိုး၊ NLD အပေါ် သစ္စာရှိတာကလွဲရင် တောင်သမန်းအင်းမှာတောင် သမီးကုမ္ပဏီကို တင်ဒါလုပ်ကွက်ပေးခဲ့တဲ့လူမျိုးအပေါ်မှာ ထူးထူးခြားခြား ကျေးဇူး တင်စရာ မရှိဘူးလို့ပဲ မြင်မိတယ်။





(နရီမိုး)

Post a Comment

Previous Post Next Post