တော်လှန်ရေးဆိုပြီး ခေါင်းစဉ်တပ်တိုင်းပြည်အတွက် ဘယ်အခန်းကဏ္ဍကနေပြီးတော့ ပါဝင်ဆောင်ရွက်ခဲ့ကြတာလဲ???
ဘာလဲ ဖျက်ဆီးဖို့လား???
တော်လှန်တယ်ဆိုတဲ့စကားမသုံးပါနဲ့။ မင်းတို့နဲ့မတန်ဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးသွားတယ်လို့မသုံးပါနဲ့။ အရွယ်မရောက်ခင် လက်နက်ကိုင်အကြမ်းဖက်ဝါဒကိုခုံမင်ရင်း အပြစ်မဲ့မိသားစုဘဝပေါင်းများစွာကိုဖျက်ဆီး သတ်ဖြတ်ခဲ့လို့ တန်ပြန်ဝဋ်ခံစားသွားကြတဲ့သဘောပါ။
တိုင်းပြည်နဲ့လူမျိုးအတွက်ဆိုတဲ့စကားကြီးကိုတွင်တွင်မသုံးပါနဲ့။ စကားလုံးတွေက အရမ်းခမ်းနားတယ်။ မင်းတို့စကားလုံးအတွက် တိုင်းပြည်ကိုအားနာလို့ပါ။
မင်းတို့ဘယ်အရွယ်တွေဖြစ်နေပါစေ တိုင်းပြည်အတွက်အကျိုးမပြုသလို လူမျိုးအတွက်လည်း အားကိုးအား ထားမဖြစ်ဘူး။
သဲစုငြိမ်းနဲ့မင်းတို့နဲ့လည်းယှဉ်ပြီးမပြောပါနဲ့။ မတန်လို့ပါ။ သူကတိုင်းပြည်အတွက် မြန်မာနိုင်ငံအလံကိုနိုင်ငံတကာအလယ်မှာဂုဏ်ယူစွာလွှင့်ပြီး သူတတ်တဲ့ ကိုယ်ပိုင်အရည်အချင်း Professional အနုပညာနဲ့ ကမ္ဘာမှာမြန်မာဆိုတာဂုဏ်ယူဝံ့ကြွားစွာ နိုင်ငံ့ပုံရိပ်တွေမြှင့်တင်ပေးနေတဲ့ အသက် ၁၈ နှစ်အရွယ်နိုင်ငံတော်ရဲ့အသီးအပွင့်ပါ။
ဒါကြောင့် မတူရင်… မတုပါနဲ့။
မတန်လို့ပါ.....
နှင်းမောင်