ရာဇသံ ခံပြင်းသလား???

Views



တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းနှင့် ဝ (UWSA) နှင့် အထူးဒေသ (၄) မိုင်းလားခေါင်းဆောင်များတွေ့ဆုံပြီး ဝ ခေါင်းဆောင်များ လိုက်နာရန်တားမြစ်ချက် (၄) ချက်အား ထုတ်ပြန်ခဲ့ပါသည်။

-

တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းသည် “ဝ” ခေါင်းဆောင်များ လိုက်နာရမည့် အချက် (၄) ချက်ကို တင်းတင်းမာမာ ပြောဆိုခဲ့သည်။ ယင်းတို့မှာ...

(၁) MNDAA ကို လက်နက်ရောင်းချခြင်း လုံးဝမပြုလုပ်ရ။

(၂) “ဝ” ပြည်မှ ကိုးကန့်ဒေသထဲသို့ သွားရောက်သည့် ယာဉ်မှန်သမျှ လက်နက်၊ စစ်အသုံးအဆောင်ပစ္စည်း၊ လောင်စာဆီ၊ ဆေးဝါး၊ ရိက္ခာ လုံးဝသယ်ဆောင်ခြင်းကို ခွင့်မပြုရ။

(၃) ကိုးကန့်ဒေသကို အဝင်အထွက်လုပ်သော လူပုဂ္ဂိုလ်တိုင်း၏ အချက်အလက်များကို သေချာစိစစ်ပြီး၊ စစ်ရေးနှင့် နည်းပညာကျွမ်းကျင်းသူများ “ဝ” ပြည်ထဲမှတစ်ဆင့် မဝင်ရောက်နိုင်ရန် ပိတ်ပင်ရေး။

(၄) PDF ၊ ကရင်နီနှင့် တောင်ပိုင်းက လက်နက်ကိုင်အဖွဲ့များကို လက်နက်ရောင်းချခြင်း လုံးဝမပြုလုပ်ရ ဟု တားမြစ်သည်။

-

အဆိုပါ တားမြစ်ချက်များကို မလိုက်နာဘဲ UWSA အနေဖြင့် MNDAA ကို ဆက်လက်ထောက်ပံ့ကူညီနေလျှင် တရုတ်အစိုးရကို ထိပ်တိုက်ရင်ဆိုင်ခြင်းဖြစ်သည်ဟု သတိပေးသည်။ ရလဒ်အနေဖြင့် တရုတ်အစိုးရသည် “ဝ” ပြည်ကို ပေးအပ်နေသော သက်မွေးဝမ်းကြောင်းမှုဆိုင်ရာ အထောက်အပံ့အားလုံး ရပ်ဆိုင်းမည်၊ “ဝ” ပြည်နှင့် ကုန်သွယ်မှု၊ အကန့်အသတ်မရှိ ရပ်ဆိုင်းမည်၊ သတ္တုမိုင်းလုပ်ငန်း၊ စက်မှုလုပ်ငန်းဖွံ့ဖြိုးမှုနှင့် ရေအားလျှပ်စစ် စီမံကိန်း ပူးပေါင်းဆောင်ရွက်မှုများ အားလုံး ရပ်ဆိုင်းမည် ဟု “ဝ” ခေါင်းဆောင်များကို ထုတ်ပြန်ခဲ့ပါသည်။

-

ဒီတော့ စီးပွားရေး နယ်မြေချဲ့ထွင်ရေးဦးတည်ပြီး မိမိအကျိုးစီးပွားကိုသာ ရှေးရှုဆောင်ရွက်နေသော သောင်းကျန်း သူများအနေဖြင့် စစ်ကိုအချိန်ကြာမြင့်စွာ ဆင်နွှဲနေမလား? ငြိမ်းချမ်းရေးလမ်းစဉ်ကိုသွားမလား? ဆိုတာကတော့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးကြမှာပါပဲ။

KT

Post a Comment

Previous Post Next Post