သူပုန်နဲ့ ဝေးဝေးနေကြပါရန်

Views


သူပုန်တွေအဓမ္မဝင်ရောက်နေထိုင်နေတဲ့ မြို့တွေမှာ သွားနေရင်တော့ ကိုယ်လည်းသူပုန် အားပေးဖြစ်ပြီး တပ်မတော်က တိုက်ခိုက်တာခံရနိုင်သလို သူပုန်တွေရဲ့ အနိုင်ကျင့်တာကို ခံရနိုင်ပါတယ်။

-

ရှည်ရှည်ဝေးဝေးမကြည့်နဲ့ ခုဆိုရင် ရှမ်းမြောက်နေရာတော်တော်များများမှာ တပ်မတော်က ထိထိရောက်ရောက် ကို လုပ်ဆောင်နေတာ အားလုံးမြင်တဲ့အတိုင်းပါပဲ။

-

သူပုန်ကတော့ သူတို့အဓမ္မသိမ်းထားတဲ့ မြို့တွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေ လုပ်ဆောင်ဖို့ဆိုရင် အဲ့မြို့တွေမှာ လူနေထိုင်ဖို့လိုပါတယ်။ ဒေသခံပြည်သူတွေပြန်လာနေအောင်လည်း အမျိုးမျိုးမက်လုံးတွေပေးပြီး စစ်ဘေးရှောင်နေကြတဲ့သူတွေကို နေရပ်ပြန်နေဖို့ နည်းမျိုးစုံနဲ့လုပ်ဆောင်လျက်ရှိပါတယ်။

-

ကိုယ့်မြို့၊ ကိုယ့်ရွာကို စွန့်ခွာပြီး လာခဲ့ရသူတွေအနေနဲ့ကလည်း မိမိရဲ့ဒေသကို ပြန်ချင်ကြတဲ့စိတ်ခံစားချက်ကို အကြမ်းဖက်သူပုန်များက ကောင်းကောင်းကြီး အသုံးချနေတဲ့အတွက် ချင့်ချိန်စဉ်းစားပြီးမှ ပြန်သင့်ပါတယ်။

-

အစိုးရအနေနဲ့ကလည်း ၎င်းတို့ရဲ့အသုံးချမှုမခံရစေဖို့နဲ့ ဘေးကင်းလုံခြုံမှုရှိစေဖို့အတွက် သိတိပြုကြဖို့ ကြိုတင်အသိပေးထားပြီးဖြစ်တဲ့အတွက် ထိထိရောက်ရောက်ကိုချေမှုန်းနေတာပါ။

-

ဒီတော့ သူပုန်ကင်းစင်မှ ကိုယ့်ဒေသကို ပြန်မလား???

သူပုန်နဲ့အတူ ရောနှောနေထိုင်ပြီး ကျီးလန့်စာစားဘဝနဲ့ နေမလား???

KT

Post a Comment

Previous Post Next Post