အနူဂျီအိမ်မက် ဂယောက်ဂယက်

Views


အနူဂျီဆိုတာ တကယ်တမ်းတော့ ယန်းကီးတို့ရဲ့ ရုပ်သေးရုပ်၊ ယန်းကီးတို့ဂိုက်လိုင်းပေးမှ လုပ်တတ်တဲ့သဘော၊ မစ်ရှင်မပေးပဲလွှတ်ထားကြည့် ကသောင်းကနင်းနဲ့ သူတစ်လူငါတစ်မင်း၊ ငါ့အတွက် ငါ့မိသားစုအတွက်ဆိုတဲ့ လူတွေချည်းပဲ စုပေးထားသလား မှတ်ရတယ်(မယုံရင် စတိုးဆိုင်ပိုင်ရှင်ကြီးကို ကြည့်)။

-

EAO တွေနဲ့ရောကြည့်တယ်၊ ဟိုလူတွေက စားနေကျကြောင်ပါးတွေ၊ ပဒက်အင်အားကိုသုံးချင်တော့ ဘာညာဆိုပြီး လေပြေလေးနဲ့ ကျောသပ်ပေးတော့ အဟုတ်ထင် စိတ်ကြီးတွေဝင်။ ဟော သူတို့ဖခမည်းတော်က ဝက်အူ ၂ ရစ် လောက်လည်း ကြပ်လိုက်ရော အနူဂျီ .. ဘာလဲ .. ဘယ်လဲထလုပ်တော့ အနူဂျီအတွက် မျက်ရည်စက်။

-

အခုလည်း ကယားတွေ ကချင်တွေ ရခိုင်တွေ စည်းလုံးကြပါ ထအော်ပြန်ရော၊ တိုင်းရင်းသားချင်းကို တစ်ခုတည်းတင် လေးဖွဲ့လောက်ရှိတာကို စည်းရုံးနေသေးတယ်(ဆုတောင်း)။

-

လက်နက်ကိုင်မှန်သမျှ အစိုးရလက်အောက်က နိုင်ငံ့တရားဝင်တပ်မတော်သာလျှင် စည်းမျဉ်းစည်းဘောင်ထဲမှာ ရှိတယ်။ ကျန်လက်နက်ကိုင်မှန်သမျှ သေနတ်ပြောင်းဝက ဥပဒေပဲ။ မဟုတ်ဘူးလာမငြင်းနဲ့ ပြည်သူတွေ ကိုယ်တွေ့။

-

အနူဂျီအနေနဲ့ တိုင်းရင်းသားတွေစည်းလုံးအောင်မပြောနဲ့ ကိုယ့်ထောက်ပို့အချင်းချင်း တည့်အောင် အရင်လုပ် ကြည့်ဦး (အနူဂျီအချင်းချင်းတည့်ဖို့တောင် ဘယ်လိုမှညှိမရဘူး)။

-

EAO တွေပေါင်းတိုက်ရင် တပ်မတော်ဒုက္ခရောက်မယ်ဆိုတဲ့ အနူဂျီအတွေးက ရိုးရိုးလေးပဲစဉ်းစားကြည့်ရရင် ဟိုးလွန်ခဲ့တဲ့ ၁၈ နှစ်တည်းက တိုက်နေပြီပေါ့ .. (မရလို့မလုပ်တာပေါ့)။ စစ်ကားတောင် မြန်မာစာတမ်းထိုး မပါရင် နားမလည်တဲ့ အနူဂျီကာကွယ်ရေးဝန်ကြီး၊ အပျိုတော်အကနဲ့သင်္ကြန်အကဘက်မှာသာ pro ကျတဲ့သူ လျှောက်ပြောတာကို ယုံနေကြသေးတဲ့သူတွေရှိသေးတယ် (တကယ့်ဟာသ)။

-

အရင်က ရပ်ကွက်လူမိုက်၊ အခုတော့ ရေးဘီလူး ဆိုတဲ့ကောင်ကိုပဲကြည့်.. တော်လှန်ရေး .. တော်လှန်ရေးအော်ပြီး အိုင်ဖုန်း ၁၆ ပရိုမက်စ်နဲ့ အဲ့လိုကောင်တွေချည်းပဲ (၉၈% လောက်ရှိတယ်)။

-

အနူဂျီမက်နေတဲ့ အိမ်မက်က ၂၀၂၄ နိုဝင်ဘာလမှာ ပျောက်ကွယ်တော့မယ်ဆိုတာကိုသာ သိခဲ့ကြမယ် ဆိုရင်……

-

..မျှော် …

KT

1 Comments

Previous Post Next Post