ဘာ့အတွက် ဘာ့ကြောင့်

Views



 ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ပတ်သက်ပြီး တချို့မိတ်ဆွေတွေလာမေးကြတယ်။ ဘာလို့ မဆိုင်တဲ့ မေးခွန်းတွေမေးတာလဲ? မှတ်ပုံတင်ပျောက်နေလို့ မှတ်ပုံတင်ပြရမှာလား? အိမ်ထောင်စုဇယားက ပျောက်နေလို့/မလုပ်ရသေးလို့ အိမ်ထောင်စုဇယားပြရမှာလား? စသည်ဖြင့်ပေါ့။ 

-

တစ်ဦးတစ်ယောက်ချင်းစီပြန်ဖြေပေးပေမယ့် Social media မှာရှိကြတဲ့ မသိကြသေးတဲ့ မိတ်ဆွေသူငယ်ချင်း တွေအတွက် ဗဟုသုတလေးအဖြစ်မျှဝေပါမယ်။ 

-

၁။ သန်းခေါင်စာရင်းလာရောက်ကောက်ယူရာမှာ မှတ်ပုံတင်/အိမ်ထောင်စုဇယား လက်ရောက်မျက်မြင် တင်ပြစရာမလိုပါဘူး။ 

-

၂။ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အချက်အလက်များအနေနှင့် မိမိ၏ မှတ်ပုံတင်အမှတ်၊ အိမ်ရှိမိသားစုဝင်များ၏ အရေအတွက် ၎င်းတို၏ မှတ်ပုံတင်အမှတ်၊ မိမိတို့ နောက်ဆုံးနေထိုင်ခဲ့သည့် နေရာဒေသ၊ အိမ်ရှိမိသားစုဝင်များထဲမှာ လက်ရှိအချိန် ကွယ်လွန်စာရင်း စသည်ဖြင့်သာ မေးမြန်းမှတ်သားသွားမှာဖြစ်ပါတယ်။ 

-

၃။ အခြားပိုင်ဆိုင်မှု လူနေမှုအဆင့်အတန်းဆိုင်ရာမေးခွန်းများသည် ကမ္ဘာ့ကုလသမ္မဂမှ ချမှတ်ထားသော စံနှုန်းနှင့်အညီထည့်သွင်းမေးမြန်းခြင်းသာဖြစ်ပါသည်(မဖြေကြားလိုပါကရပါသည်) ဥပမာ- ဘေဇင်ရှိလား? ဘိုထိုင်အိမ်သာလား? စသည်ဖြင့်။ 

-

ဒီအချက်လေး သုံးချက်ကိုသိရှိနားလည်ထားပြီးပြီဆိုရင် သန်းခေါင်စာရင်းလာရောက်ကောက်ယူတဲ့ အဖွဲ့တွေ လာတာနဲ့ ပုံမှန်အတိုင်းဖြေကြားပေးလိုက်တာနဲ့ရပါပြီ သန်းခေါင်စာရင်းလာကောက်လို့ လန့်နေစရာ ကြောက်နေစရာ တစ်ခုမှာမရှိပါဘူး။ စိတ်အေးချမ်းသာစွာ ရှိကြပါစေဗျ။


KT

Post a Comment

Previous Post Next Post