မိုးလုံးပြည့်မုသာဝါဒ

Views


၈ လပိုင်းတုန်းကတစ်ခါ အဲ့ဒီအချိန် တောင်ခမ်းကို ရမလားရယ်လို့ စပြီး သွေးတိုးစမ်းကာစအချိန်ပေါ့.. ပြင်ဦးလွင်မြို့ခံတွေ မပြေးပြေးအောင် လေလှိုင်းပေါ်ကနေ ပေါက်ကရတွေရေးပြီး လှုံ့ဆော်ကြတယ်။ ခဏပါပဲ မီဒီညာရေးတာ အလိမ်အညာဆိုတာ အားလုံးသောပြည်သူတွေသိသွားကြတာပေါ့။

-

အခုလည်း လိုင်းပေါ်မှာ ပြီးခဲ့တဲ့ အပတ်ကစပြီး အင်အားတွေ ထောင်ချီသောင်းချီနဲ့ နောင်ချိုမှာစုနေပြီ တောင်ခမ်းကို ဘာလုပ်မယ်ညာလုပ်မယ်လျှောက်ဖွတယ် ပြီးတော့ ဝက်ဝံဂိတ်အတက်အဆင်း သေချာစိစစ်ပြီးမှ လွှတ်သင့်တာကို လွှတ်တယ် မလွှတ်သင့်တာကို ကန့်သတ်ထားတယ် .. ဒါကို မန္တလေးအတက် ၁၆ မိုင် ဂိတ်ကြီးကို ပိတ်ချလိုက်သလိုရေးတယ် .. တပ်မတော်ဘက်က ပုံနဲ့တကွ တင်တော့ တဆင့်လျောချပြီး နံပါတ်အနီဖြစ်သွားပြန်ရော .. နံပါတ်အနီနဲ့ကား တက်လာတာတွေနဲ့ ကားဂိတ်တွေ အလုပ်လုပ်နေတာ သွားလာမပျက်တာကိုထောက်ပြတော့ ခပ်တည်တည်ပဲ။ သူတို့ဖွပြီးမကြာဘူး တပ်က သုံးရက်လောက်ပဲ ကြည်း+လေ တွယ်လိုက်ပြန်တော့ သောင်းကျန်းသူတွေ အရေးမလှကြပြန်တော့ တပ်ကအဖွဲ့တွေ မိသားစုဝင်တွေ ပြေးပြန်ပြီထလုပ်တယ်။

-

သတင်းရေးရင် မဟုတ်တာကိုရေးတယ် .. ပြီးရင်ရှက်လည်းမရှက်ဘူး .. ခပ်တည်တည်ပဲ .. အခု တိုက်နေတာ သူပုန်က ပြင်ဦးလွင်ကိုတိုက်နေတာမဟုတ်ဘူး သူပုန်ရှိတဲ့ နောင်ချိုကို တပ်ကတိုက်နေတာ .. ပြောင်းပြန် အနေအထားဖြစ်နေတာကို အရေးမသာမှန်းသိတော့ ပြောင်းပြန်ပြန်ဖွတော့တာပဲ(ဖွချင်သလောက်ဖွ ဘယ်သူမှ မယုံတော့ပါဘူး) ။

-

ပြီးတော့ နောက်တစ်ခုက သတင်းရေးတဲ့သူ ပြင်ဦးလွင်ကိုရော ရောက်ဖူးရဲ့လားလို့မေးချင်တယ်ဗျ။ လက်နက်ကြီးပစ်ရင် တစ်မြို့လုံးနီးပါးကြားရတယ် .. အဲ့ဒီမှာစလွဲတာပဲ ဘယ်တုန်းက အဆက်မပြတ်ပစ်တယ် အခု ဘယ်လိုပစ်တယ်ဆိုတာ တစ်မြို့လုံးကြားနေသိနေတယ် အဲ့ဒီမှာတင် လိမ်ရေးတာလား မရေးတာလား တန်းသိနိုင်ပါတယ်။

-

မီဒီညာရေးသမျှကို လိုက်ယုံတဲ့ အထဲမှာ လက်တွေ့မြေပြင်မှာနေထိုင်နေတဲ့ သူတွေမပါတော့ပါဘူး .. ခင်ဗျားတို့ ပြောနေကြစကားနဲ့ ပြောရရင် ၁၉၈၈ မဟုတ်ဘူး ၂၀၂၄ တောင်ကုန်တော့မယ်ဆိုတာ သိထားကြတော့ဗျာ။

KT

Post a Comment

Previous Post Next Post