Views
ပအိုဝ်းလူမျိုး(ပအိုဝ်ႏခွိꩻ)ဆိုသည်မှာ ကရင်အနွယ်ဖြစ်သော လူမျိုးတစ်မျိုး ဖြစ်ပြီး တောင်ပေါ်ကရင်၊ ကွင်းကရင် နှစ်မျိုးလုံး၌ ထက်ဝက်ခန့်စီ ပါဝင်သည်။ သိုသော် မူလက တောင်ပေါ်၌ အနေများသော လူမျိုးများဖြစ်၍လည်း တောင်သူ ဟူ၍ ခေါ်ဝေါ်ဟန်တူသည်။ ပအိုဝ်းလူမျိုး သိုမဟုတ် တောင်သူလူမျိုး (ရှမ်း: ပဢူဝ်း; အရှေ့ပိုး: တံင်သူ; ကရင်: တီသူ) သည် ၁၃၅ မျိုးသော တိုင်းရင်းသား လူမျိုးဝင်ဖြစ်ပြီး လူဦးရေ ၆၀၀,၀၀၀ ခန့်ရှိကာ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မြန်မာနိုင်ငံအနှံတွင်နေထိုင်ကြသည်။ များသောအားဖြင့် အေးဆေးတည်ငြိမ်ပြီး ဘာသာတရားကို ကိုင်းရှိုင်းကြသည်။ အေးအေးဆေးဆေး နေလိုသော လူမျိုး ဖြစ်သည်လို့လဲပြောလို့ရသည်။
၁၉၄၉ ခုနှစ်တွင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဟိုမိန်းဒေသတွင် အင်အား- ၄၀၀ ဖြင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (ပအိုဝ်း: ပအိုဝ်ႏစွိးခွိꩻ လွစ်ထန်ႏရေꩻတပ်မတောႏ, အင်္ဂလိပ်: Pa-O National Liberation Army; အတိုကောက် PNLA) ကို စတင်ဖွဲ့စည်းခဲ့ပြီး ရှမ်းပြည်နယ်ရှိ ဆီဆိုင်၊ ဟိုပုန်း၊ နမ့်စန်၊ လင်းခေးနှင့် မောက်မယ်ဒေသများတွင် အခြေပြုလှုပ်ရှားသည်။ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် Pa-Oh National Liberation Organization(PNLO) သည် PNLA ၏ နိုင်ငံရေးခေါင်းကိုင်အဖွဲ့အစည်းဖြစ်သဖြင့် PNLA ကို တာဝန်ခံသည်။
PNLO သည် အစိုးရနှင့် ၂၀၁၂ သြဂုတ် ၂၅ ရက်တွင် ပြည်နယ်အဆင့်၊ ၂၀၁၃ မတ်လ ၂၃ ရက်နေ့တွင် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများ ရရှိခဲ့ပြီးနောက် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်တွင် တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)၌ ပါဝင်လက်မှတ် ရေးထိုးခဲ့သည်။
ဒါသည် ... PNLO ၏ အဓိက နောက်ခံအကြောင်းအရင်းဖြစ်ပြီး ခုဆောင်းပါး၏ လိုရင်းကို ယခုမှ စတင်မည်ဖြစ်သည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးစီးသော PNLO သည် NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်းတွင် ၎င်းတို့လှုပ်ရှားသော ဒေသများ၌ တိုက်ပွဲဖြစ်ပွားခြင်းကို အစွမ်းကုန်ရပ်တန့်စေခဲ့ပြီ ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများကိုသာ ဇောက်ချ ဆောင်ရွက်ခဲ့သည့် အဖွဲ့ ၁ ဖွဲ့ဖြစ်သည်။
သို့သော် ၂၀၂၁ ခုနှစ် ဖေ ၁ နောက်ပိုင်းမှာတော့ PNLO ၏ ကံကြမ္မာသည် တစ်မျိုးတစ်ဖုံပြောင်းလဲဖို့ အကြောင်းဖန်လာခဲ့သည်။ အကြောင်းကတော့ ရွက်ဟောင်းနေရာမှာ ရွက်သစ်တွေနှင့်အစားထိုးလာခဲ့သည့် လောကထုံးစံအတိုင်း PNLO ၏ မျိုးဆက်သစ်ဆိုသည့် ခွန်သူရိန် သည် မတည်မငြိမ်ဖြစ်ပေါ်လာမှုကြောင့် တပ်မတော်ဗျာများနေတာကို အခွင့်ကောင်းယူပြီး ၂၁-၁-၂၀၂၄ ရက်နေ့ မှာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာထဲကို PNLO ယူနီဖောင်းဝတ်ဆင်ထားသူတွေတင်ဆောင်ပြီး Canter ယာဉ် ၂ စီး၊ Hondafit ၁ စီး၊ Four Wheel ၂ စီး၊ စုစုပေါင်း ၅ စီးနဲ့ လက်နက်ငယ်မျိုးစုံ ၅၀၀ ကျော်၊ PRG အလက် ၂၀ ကျော်ခန့်၊ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးခန့်နဲ့ ခဲယမ်းတွေကို တရားမဝင်သယ်သည်။ အဲ့လို သယ်တာကို သတင်းရလို့ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ ရှာဖွေခဲ့ရာမှာတော့ အဖမ်းမခံပဲ ယာဉ်တွေကို မီးရှိထွက်ပြေးသည်။ အဲ့မှာ ယာဉ်ပေါ်မှာပါတဲ့ ခဲယမ်းတွေ ပေါက်ကွဲပြီး စံဖူးရွာ နေအိမ် ၂၇ လုံးမီးလောင်သည်။ အရင်ကလဲ သူ ဒီလို သယ်နေတာ ၃/၄ ကြိမ်မကရှိပြီဖြစ်ပြီး ခုမှ သတင်းရလို့ တားရှာသည့် အချိန်မှာတော့ တိုင်းရင်းသားအရေးတို့ ဖယ်ဒရယ်ရေးတို့ ဒီမိုကရေစီရေးတို့ ဆိုတာတွေ တွင်တွင်ပြောပြီး နိုင်ငံတော်အစိုးရကို လက်နက်ဆွဲကိုင် တော်လှန်မှုကို ပြန်လည် ပြုလုပ်တော့သည်။
တကယ်တော့ ခွန်သူရိန် ဆိုတာ NCA စာချုပ်ချုပ်ဆိုစဉ်ကရော စာချုပ်ချုပ်ဆို ပြီးနောက်ပိုင်းမှာရော အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းများကို တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သူလိုပဲပြောရမည်ဖြစ်သည်။ သားစိုး၏ သီချင်းထဲကလို ခပ်ရွတ်ရွတ် ပြောရရင်တော့ “အရင်တုန်းက အဘအဘ၊ ခုကျမှ အစ်မ .. အစ်မ” ဆိုသည့် ထုံး နှလုံးမူကာ ဝန်ကြီးဦးအောင်မင်းမှအစ ဒေါက်တာတင်မျိုးဝင်း အလယ် လက်ရှိ NSPNC အဆုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ခါးတကုန်းကုန်းနှင့် လုပ်ခဲ့သူဖြစ်သည်။ ငြိမ်းချမ်းရေးကော်မတီအဆက်ဆက် လူကြီးများနှင့် EAOs များ၊ နိုင်ငံရေးပါတီများကြားတွင် ငြိမ်းချမ်းရေးအတွက် အတော့်ကိုရိုကျိုးသူ လို့ မြင်ကြသည်အထိ လိုက်ပါဆောင်ရွက်ခဲ့သူ။
ဒီလိုလူမျိုးက ဒီလိုမျိုး လက်နက်မှောင်ခိုတွေလုပ်တယ်ဆိုတော့ ငြိမ်းချမ်းရေး လောက က လူတွေအတော်ကို ဂယက်တော့ ရိုက်ကုန်တာပေါ့။ တချိုဆို ဟုတ်ပါ့ မလားလိုတောင် တွေးမိကြတယ်တဲ့။
သတင်းတွေအချိုအရတော့ ခွန်သူရိန် ဟာ ၂၀၂၁ ဖေ ၁ နောက်ပိုင်း EAOs တွေကို လက်နက်မှောင်ခို အကြီးအကျယ်လုပ်ပြီး ကြီးပွားလာတာ မြင်မကောင်း ဘူးတဲ့။ သူ့ အမျိုးသမီးကိုတောင် ဘန်ကောက် မှာ ကွန်ဒိုတွေဝယ်ထားတယ်ဆိုဘဲ။
ဆိုတော့ .... လူဆိုတာ သူ့ရဲ့ အကျိုးစီးပွားထိလာတဲ့အချိန်မယ် ပေါက်ကွဲ ထွက်တတ်တာ ဓမ္မတာပဲမို ခွန်သူရိန် တစ်ယောက် အကြီးအကျယ်စိတ်တိုပြီး PNLO အချို့နဲ့ လက်နက်ကိုင်တောခိုဖို့ ရွေးခြယ်ခဲ့အတွက် ငြိမ်းချမ်းရေးကို လိုလားသော PNLO အတွင်း နှစ်ခြမ်းကွဲထွက်ခဲ့တဲ့အထိ Impact က ကြီးမားခဲ့တယ်။
PNLO ရဲ့ နာယက ဦးခွန်ဥက္ကာ၊ တွဲဖက်အတွင်းမှူး ဦးခွန်မင်းသိမ်း၊ တွဲဖက် အတွင်းရေးမှူး ၂ နန်းယဉ်ယဉ်စိုး တို့ကို အဖွဲ့က ထုတ်ပယ်ကြောင်းစာတွေထွက်တယ်။ ဒါတွေဟာ ခွန်သူရိန် ရဲ့ စနက်တွေ။ သူ့ရဲ့ လောဘဇော နဲ့ အဖွဲ့ကို အသုံးချဖို့အတွက် ဒီလူတွေဟာ အဓိက ဆူးညှောင့်တွေလေ။ ဦးခွန်ဥက္ကာ တို့ ၃ ဦးက NCA ကို အပြည့်အဝလိုက်နာပြီး လက်နက်ဆွဲကိုင်ခြင်းကို အားမပေးတဲ့လူတွေ။ သူတို့ ထုတ်ပစ်လိုက်ပြီး တချို့ သူ့လိုပဲ နောက်လိုက်နောက်ပါအချို့ကိုခွဲထုတ်ကာ ဆီဆိုင် ကို ရမယ်ရှာတယ်။
ဆီဆိုင် ကို ရက်သတ္တပတ်နဲ့ချီ တိုက်ပွဲဝင်ပြီး ငြိမ်းချမ်းရေးကို ချိုးဖောက်ခဲ့ပေမဲ့ သူ့ ကိုယ်ကျိုးစီးပွားကိုသာကြည့်ပြီးချိုးဖောက်ခြင်းဖြစ်သဖြင့် ဒေသအတွက်ရော ပအိုဝ်း တိုင်းရင်းသားတွေအတွက်ရော အကျိုးစီးပွားအတော်ဆုတ်ယုတ်ခဲ့သည်။ အရင်က ဆီဆိုင်ဒေသဆိုတာ စာအံသံတွေ၊ ရောင်းဝယ်ဖောက်ကားသံတွေ၊ ဘုရားကျောင်းကန်အလှူတော်အသံတွေနှင့် တကယ်ကို နေချင်စရာကောင်းသည့် မြိုလေးဖြစ်သည်။
ယခုတော့ ဆီဆိုင်မြို့အတော်များများ ပျက်ဆီးကာ ပအိုဝ်းလူမျိုးများလဲ တောပြေးတောင်ပြေးနှင့် စစ်ပြေးဘဝကိုတမဟုတ်ချင်းရောက်ရှိခဲ့ကြသည်။ အတော်ကိုကြောက်ဖို့ကောင်းသည့် ခွန်သူရိန် ၏ ကိုယ်ကျိုးစီးပွားလိုအင်သည် သူ ကိုယ်စားပြုသည်ဆိုသည့် တိုင်းရင်းသားတွေကို ချက်ချင်း လမ်းဘေးရောက်စေခဲ့ သည်ကား စိတ်မကောင်းစရာပင်။
မကြာသေးခင်က ကျင်းပပြုလုပ်ခဲ့သည့် NCA ၉ နှစ်ပြည့် အခမ်းအနားတွင်လဲ PNLO မှာ မတက်ရောက်ခဲ့သဖြင့် ပိုပြီး စိတ်ထိခိုက်ဖို့ကောင်းသည်။ ငြိမ်းချမ်းရေး ရရှိဖို့က လွယ်ကူပေမဲ့ ပြိုကွဲမှုကတော့ တခဏအတွင်း တစ်စစီ။ သေသူသေ၊ ကြေသူကြေ၊ ပြေးသူပြေး ဘဝတွေမှာ စည်းစိမ်ဥစ္စာတွေအသာထား အသက်ကို တောင် မနည်းမွေးမြူနေရသဖြင့် ပအိုဝ်းလူမျိုး တိုင်းရင်းသားတွေ ပျော်နေမှာ မဟုတ်တာတော့ မြေကြီးလက်ခပ်မလွဲ။
လက်ရှိမှာတော့ ဦးခွန်ဥက္ကာ ဦးစီး ငြိမ်းချမ်းရေးကိုလိုလားသည့် အစုအဖွဲ့မှာ PNLO မှ အေးချမ်းစွာနေထိုင်လိုသည့် ငြိမ်းချမ်းရေးကိုမြတ်နိုးသည့် တပ်ဖွဲ့ဝင်များ မိသားစုများအား အလင်းဘက်ခြမ်းကို ပြန်လည်ခေါ်ယူရန် ဆောင်ရွက်လျက်ရှိ သည်လိုလဲကြားရသည်။ တကယ်ကို ဝမ်းမြောက်စရာဖြစ်သည်။
ဆိုတော့ကာ ... ပအိုဝ်းလူမျိုးတွေအတွက် ပအိုဝ်း ကံကြမ္မာကို ရွေးခြယ်ဖို့ လမ်းဆုံလမ်းခွကိုရောက်လာပြီလို့ပြောလို့ရပြီဖြစ်သည်။ တိုင်းရင်းသားရေးတွေ တန်းတူညီမျှရေးတွေ အသာထား ဆီဆိုင်ဒေသနှင့် ပအိုဝ်းတို့မြေ ပြန်လည် တည်ငြိမ်အေးချမ်းဖို့အတွက် သူရိန် ကို ရွေးမလား ပအိုဝ်းကိုရွေးမလား ဆိုသည့် လမ်းခွမှာ ပအိုဝ်းကိုပဲ ရွေးခြယ်ကြပါစေ ......
ဒီမိုကရေစီတို့၊ ဖယ်ဒရယ်တို့၊ တန်းတူညီမျှမှုတွေဆိုတာ ယမ်းငွေ့တွေ ခမ်းသည့် ဒေသမှာပဲ ဖြစ်တည်သည်။ နောက်ပြီး ခွန်သူရိန် ဘာကြောင့် တောခိုသည် ဆိုတာကိုလဲသိနေပြီ။ ပအိုဝ်းတိုင်းရင်းသားများ ညီညွှတ်ဖို့ အချိန်တန်ပြီဖြစ် သည်။
“ငြိမ်းချမ်းရေးအတွက် ပအိုဝ်း ဘက်ကိုသာ ပြတ်ပြတ်သားသားနင်းချလိုက်ပါတော့” လို့ တိုက်တွန်းအပ်ပါသည်ခင်ဗျာ။
မင်းထက်ကျော်ဇော