နောင်ချိုသတင်း

Views

 


အောက်တိုဘာ ၁၇ ရက် (မနေ့) ညက နောင်ချိုမှာရှိတဲ့ TNLA ခိုအောင်းရာ နေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ပစ်မှတ်အပေါ် ထိချက်တော်တော်တိကျတယ်လို သိရပါတယ်။

-

အဓိက ထိတာကတော့ TNLA တွေ အများဆုံးခိုအောင်းနေတဲ့ ရဲစခန်း၊ စည်ပင်ဝန်းနဲ့ ၁၁၅ တပ် နေရာတွေပဲ ဖြစ်ပါတယ်။ TNLA အဖွဲ့ဟာ ပထမအကြိမ် ဗုံးကြဲခံရအပြီး နေရာပြောင်းဖို့ ကားတွေပေါ် တက်နေစဉ်မှာပဲ ဒုတိယ မြောက် ဗုံးကျလာလို ကား ၄ စီးလုံး မီးလောင်ပြီး TNLA  ၂၀ ကျော်သေသွားပါတယ်။ အမြောက်တွေ တင်ထားတဲ့ သံသရာအေး စေတီကုန်းကလည်း ဗုံးကြဲခံရပြီး အမြောက်တွေ အားလုံး ပျက်စီးသွားပါတယ်။

-

မနေ့က ဗုံးကြဲတိုက်ခိုက်မှုအတွင်း TNLA ခေါင်းဆောင် တာအိုက်လျံ အပါအဝင် TNLA ၄၀ ခန့်သေဆုံးသွားပြီး ရဲပြေး တစ်ဦးလည်း သေဆုံး သွားပါတယ်။ ဒီနေ့မနက်မှာ တာအိုက်လျံကို အသုဘချဖိုအတွက် သဖန်းကိုင်းဘုန်းကြီးကျောင်းက ရွှေအခေါင်းကို ယူသွားပြီး အသုဘအခမ်းအနားပြုလုပ်ဖို ပြင်ဆင်နေတယ်လို သိရှိရပါတယ်။

-

တိုက်ပွဲသတင်းစုံ

Post a Comment

Previous Post Next Post