သူရဲဘွဲ့ ၅ ယောက်နဲ့ သူရဲကောင်းမှတ်တမ်းဝင် ၆၅ ယောက် ပေးဖို့ တင်ထားတဲ့ စစ်ဆင်ရေး အစီရင်ခံစာအမှုတွဲတစ်တွဲဖတ်လိုက်ရတာ အံ့ဩ လွန်းလို့ မျက်လုံးတောင်ပြူးသွားမိတယ်။
သူရဲကောင်းမှတ်တမ်းဝင် ၆၅ ယောက်တင်တဲ့ အထဲမှာ အမျိုးသမီးရဲမေ က ၇ ယောက်တောင် ပါသေးတာဖတ်ရတော့ အံ့ဩ မဆုံး ချီးကျူး မဆုံး ဖြစ်ရပြန်တယ်။
စစ်မြေပြင် အဆင့်တိုး တွေကလည်း ပလူကို ပျံနေတာပဲ။
ဒါကတော့ အခြားနေရာမှာ မဟုတ်ပါဘူး။
ဂုဏ်ယူစွာနဲ့ ပြောရရင်တော့ ကျွန်တော် ၅ နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ကရင်ပြည်နယ် အခြေချဗျူဟာ ဖာပွန် တပ်နယ်က အရာရှိ စစ်သည် ရဲမေ တွေရဲ့ အံ့မခန်းဖွယ် စစ်ရေး စွမ်းရည် တွေပါပဲ။
ဖာပွန် ကို ရန်သူတိုက်ခိုက်ခဲ့တာ ကြာပါပြီ ။
အကြိမ်ကြိမ်တိုက်ခဲ့ ၊ တိုက်ဆဲပါပဲ ။
စစ်ရေးအရ ကွပ်ကဲရခက်ပြီး တစ်ဆက် တစ်စပ်တည်း ဖြစ်မနေတဲ့ ခလရ ၁၉ ခမရ ၄၃၄ စစန ၆၄၂ တပ်တွေကို ခေတ္တစွန့်ပြီး ခမရ ၃၄၀ ခမရ၃၄၁ အခြေချဗျူဟာ ဖာပွန် ဆေးတပ်တစ်တပ်တို့ဟာ ဆုတ်လာတဲ့ တပ်တွေနဲ့ ပူပေါင်းကာ ထုဖြင့် ခံစစ် ဆင်ပြီး ပြန်ဆော်နေလိုက်တာ တပ်မဟာ ၅ က ကုန်သလောက်ဖြစ်သွားပြီတဲ့ ။
တစ်ခါလာတိုက်လိုက်၊ KNLA/PDF အလောင်း ၅၀ အလက် ၅၀ ထားသွားလိုက်၊ ဒဏ်ရာရသူ ရာဂဏန် ဆေးပြန်ကုလိုက်နဲ့ အခုဆိုရင် KNU တပ်မဟာ ၅ က အဆိပ် မရှိတဲ့ ရေမြွေလို ဖြစ်သွားရရှာပြီ ။
KNUတပ်မဟာ (၅)မှာ လူမရှိတော့ဘူး။
ကျွန်တော်တို့ ခေတ်တုန်းကလို ချောင်း ပစ် ပြေး မိုင်းဆွဲဆိုတဲ့ ဘဝ ကို ပြန်ရောက်သွားကြရပြီတဲ့ ။
ချီးကျူးလေးစားစရာ ကောင်းတာက ဖာပွန်က အရာရှိ စစ်သည် ရဲမေ တွေပဲ ။
မည်သည့်ဖုန်းမှ ဆက်သွယ်မရသလို အင်တာနက် လည်း မရှိတာမို့ လားရှိုး ဘာဖြစ်သွားလဲ ဆိုတာ သူတို့ အခုထိ မသိကြသေးသလို လောက်ကိုင် တို့ ရခိုင်တို့ဝေလာဝေးပေါ့ ။
သူတို့သိတာ တစ်ခုပဲ ရှိတယ် ။
သူတို့ကို လာတိုက်တဲ့ ရန်သူကို သေသေကြေကြေ ချမယ်။ ဆုတ်မနစ်ချမယ် ။ ရဲရဲရင့်ရင့်ချမယ်။ အကုန်လက်စတုန်း ချေမှူန်းပစ်မယ် ။
ဒီလို ချနိုင်ဖို့ အတွက်လည်း ဗျူဟာမှူးဆီ တင်ပြ တောင်းဆိုထားတာက အဘ ဘယ်တော့မှ လက်နက်ချဖို့မပြောပါနဲ့ ။
ဘယ်တော့မဆုတ်ပါနဲ့ ။
ကျွန်တော် ကျမ တို့ ဒီအကြမ်းဖက်ကောင်တွေကို ဘယ်တော့မှ အရှုံးမပေးဘူး ။
ဖာပွန်သမိုင်း တပ်မတော်သမိုင်းကို ဒီနေရာ ဒီဒေသမှာ သူရဲကောင်းတွေအဖြစ်အတူတကွ ကမ္ပည်းထိုးကြမယ်တဲ့ ။
သူတို့ပြောတဲ့ အတိုင်းပဲ ၊ အခုဆိုရင် စံချိန်တင် သူရဘွဲ့ တွေ သူရဲကောင်း မှတ်တမ်းဝင်တွေ အဖြစ်နဲ့ သမိုင်းဝင်ဖို့တင်ပြထားကြပါပြီ ။
စံချိန်တင်မယ်ဆိုရင်လည်းတင်လောက်ပါတယ်။
ဖာပွန်တပ်နယ်ဟာ ရန်သူကို ရဲရဲရင့်ရင့် ခုခံတိုက်ထုတ်ချေမှူန်းနေတာ၁ နှစ်ပြည့်တော့မယ့် အချိန်မှာ KNUတပ်မဟာ ၅ က သူ့ဆီမှာ လူအင်အား ကုန်သလောက်ဖြစ်သွားရပြီ မို့ KNU တပ်မဟာ ၁/၂/၃/၆ ကို ရောက်နေတဲ့ မအူမလည် ဗမာPDF တွေကို စစ်ကူခေါ်ယူနေပါသတဲ့ ။
ဘာပဲ ပြောပြောသူရဲကောင်းဖာပွန်တပ်နယ်ကိုတော့ လေးစား ဦးညွှတ်မိပါတယ် ။
အောင်နိုင်သူ