မောင်တော မြေပြင်သတင်းအမှန်

Views

 


  ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့က AA ထုတ်ပြန်ကြေငြာချက်ထဲမှာပါတဲ့ “ မောင်တောမြို့ပြင်က နခခ (၅) အား အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်များကို ဆက်လက်အရှိန်အဟုန်မြှင့်တင်သွားမည်” ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရခိုင်မီဒီယာများနဲ့ ပူးသတ်မီဒီယာများက “မောင်တောမှာ AA ထိုးစစ်အပြင်းအထန်လုပ်နေပြီ၊ နခခ ၅ ကို AA အနီးကပ် တက်လုံးနေပြီ၊ နေရောညရော ဝင်လုံးနေလို့ တပ်ဘက်က အသေအပျောက်များနေပြီ၊ အထဲမှာရှိတဲ့သူတွေ ရိက္ခာပြတ်/ဆေးဝါးပြတ်လို့ စိတ်ဓာတ်ကျနေပြီ” ဆိုပြီး တပ်ထောက်ခံသူတွေနဲ့ တပ်ဖွဲ့ဝင်တွေ စိတ်ဓာတ်ကျဆင်းစေရန် သတင်းမှားတွေနဲ့ ရေးနေတာအပြင် ၎င်းတို့လူတွေ စိတ်အားတက်ကြွလာအောင် AA လော်ဘီများက “မောင်တောမြို့ ကိစ္စပြတ်ပြီ၊ AA က မောင်တောကို သိမ်းလိုက်ပြီ”ဆိုပြီး အမျိုးမျိုး အဖုံဖုံ တင်လာကြတယ်။


မြေပြင်မှာတော့ သူတို့ထုတ်ပြန်ချက်မထုတ်ခင်တည်းက တပ်က လေကြောင်းက ဆေးဝါး/ရိက္ခာ/ခဲယမ်းတွေ ချပေးသည့်အပြင် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ပေးခဲ့တယ်။ သူတို့ထုတ်ပြန်ချက်ထုတ်ပြီး ယနေ့အပါ ၅ ရက်အတွင်း လေကြောင်းမှ ဆေးဝါး/ရိက္ခာ/ခဲယမ်းချပေးခြင်း(၂)ခါ၊ နခခ ၅ တစ်ဝိုက် AA စုဖွဲ့နေတဲ့ နေရာတွေကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု (၄)ခါ ပြုလုပ်ခဲ့တယ်။ မွတ်ဆလင်တွေဆီက ကြားသိရသလောက် အဆိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများအတွင်း AA ဘက်က ၈၀ ကျော် ပွဲချင်းပြီးသေဆုံးပြီး ၁၃၀ ကျော် အတိုအပြတ်ဖြစ်ကုန်လို့ နီးစပ်ရာရွာတွေက ကလေးတွေကို လူသစ်အတင်းလိုက်စုနေတယ်လို့ သိရတယ်။


  သူတို့ နခခ ၅ ကိုတိုက်နေတာ ၃ လကျော်နေပြီ။ အထဲမှာရှိနေတဲ့ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များရဲ့ အရှုံးမပေးလိုစိတ်၊ ရဲဝင့်စွာတိုက်ပွဲဝင်စိတ်တွေနဲ့ ခုခံတိုက်ခိုက်မှုများ အပြင်းအထန်ပြုလုပ်နေတာကြောင့် နခခ ၅ အနီးကနေရာတွေဟာ AA ရဲ့ သင်္ချိုင်းလိုဖြစ်လာခဲ့တယ်၊ သူတို့တိုက်မိန့်ပေးလို့ ပြန်လှည့်ပြေးတဲ့သူတွေကို သေနတ်နဲ့ချက်ချင်းပစ်သတ်တာတွေအထိ ပြုလုပ်ခဲ့တယ်၊ တိုက်ဖို့လာစုတဲ့အချိန်  လေကြောင်းကနေဗုံးကြဲခံရတာနဲ့ အမြောက်တွေ၊ ဒုံးတွေရဲ့ ဦးနှိမ်ပစ်ခတ်မှုတွေကြားမှာ သူတို့ဘက်က လူတွေကုန်သလောက်ကို ဖြစ်သွားတယ်၊ ဒါကြောင့် သူတို့လူတွေ ရှေ့မတက်လာရဲသလို အဝေးကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တဲ့အဆင့်လောက်ပဲ လုပ်နိုင်ခဲ့တယ်။ သူတို့ ဘယ်လိုတိုက်တိုက် တိုက်မရတဲ့အဆုံး နခခ ၅ ထဲမှာရှိတဲ့ စကခ ၁၅ တပ်မမှူးကို အရှင်မိရင် သိန်းဘယ်လောက်ပေးမယ်ဆိုတာတွေ မသေချင်ရင် လက်နက်ချကျပါဆိုတဲ့ ဆိုက်ဝါးတွေ လိုင်းပေါ်ကနေ အော်လာကုန်ရော။ 


ကျနော်ပြောနိုင်တာက စက်တင်ဘာလ ၂၇ ရက်နေ့မှစ၍ ယနေ့အထိ  မောင်တော နခခ ၅ ကို AA ဘက်က အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း လုံးဝ(လုံးဝ)မရှိပါ။ ဆေးကြောင်ကြောင်ပြီး ဝင်လာလည်း မိုင်းအလုံး တစ်သိန်းကျော် ထောင်ထားတာဆိုတော့ ကိုယ်ထိုက်နဲ့ ကိုယ့်ကံပေါ့၊ မဟုတ်ဘူးလား… 

Post a Comment

Previous Post Next Post