ယနေ့ခေတ်မီဒီယာမှာ မိမိဘက်ကလူ အသွင်ယူပြီး မိမိတိုတပ်မတော်သားတွေ စိတ်ဓာတ်ပျက်ပြားအောင် တိုက်လိုခိုက်လိုစိတ်လျော့ကျစေရန် သတင်းတုသတင်းမှားများနဲ့ လုပ်ကြံရေးသားလျက်ရှိပါတယ်။
-
တစ်ဖက်က တို/က်တောင်မတို/က်သေးဘူး .. လာလုံးနေပါပြီ .. အနီရောင်အဆင့်ပါ ..ဆုတ်တော့မယ်ပြောလာ .. တိုက်တဲ့အချိန် ဆုတ်ရပြီ လို့ နှပ်ကြောင်းပေး .. သတင်းတွေကို ယုံထင်ကြောင်ထင်ဖြစ်အောင်လုပ်။
-
ဒါတွေကဘာလဲဆိုတော့ တိုက်တဲ့သူတွေစိတ်ဓာတ်ကျအောင်နဲ့ မပြေးပြေးအောင်လုပ်တာ.. ဒီသတင်းတွေ ဖတ်မိတဲ့ နောက်ကသူတွေကလည်း ရှေ့ကသူတွေကို စိုးရိမ်စိတ်အမျိုးမျိုးဖြစ်အောင် ပြောမယ်ဆိုတာ သိတဲ့အတွက် စနစ်တကျကို ပြိုကွဲပျက်ဆီးအောင် လုပ်နေတာပါ။
-
အဓိကကဘာလဲဆိုတော့ စိတ်ဓာတ်ပဲ .. ဘယ်သူတွေဘာပြောပြော မိမိစိတ်ဓာတ်ကြံ့ခိုင်အောင်နေပြီး သတင်းအမှား/အမှန်ကို ခွဲခြားနိုင်ရင် အရာရာဆင်ခြင်နိုင်တယ်။
-
ကျနော်တစ်ချက်ထောက်ပြမယ် နခခ၅ ဝင်လုံးခံနေရပြီ.. ကျပြီ.. ဆုတ်ရပြီဆိုပြီး တင်လာတယ်၊ အခု နခခ ၅ ဘယ်လိုအခြေအနေဆိုတာ အားလုံးအသိပဲ။ နောက်ပြီးတောင်ခမ်းကိစ္စ.. အလားတူဖြစ်စဉ်တွေ အများကြီး.. အများစုက တစ်ဖက်မီဒီယာတွေကို မဖတ်တဲ့ ကိုယ်လူတွေကို ရန်သူ့သတင်းတွေ hight Light လုပ်ပြီး ကိုယ်လူတွေကြားထဲ သတင်းတွေထိုးထည့်နေတာ.. စိတ်ဓာတ်ရှိရှိတိုက်နေခိုက်နေတဲ့သူတွေကို စိတ်ဓာတ်ကျ ပြိုကွဲအောင်.. ပြန်မခံတိုက်အောင် မီဒီယာကနေ စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေတာပါ။
-
လေကြောင်းတို/က်ခို/က်မှုဆိုတာ မသေချာရင် မလုပ်သလို ကင်းထောက်နဲ့ကြည့်ပြီးမှ လုပ်ဆောင်ရတဲ့ကိစ္စပါ။ တို/က်ခို/က်ခံရတဲ့နေရာဆိုတာ ဖုန်းလိုင်းမမိတဲ့နေရာ AA ဘာမှမဖြစ်ဘူးလိုပြောနိုင်တယ်ဆိုတည်းက ပိုစ့်ရဲ့ ရည်ရွယ်ချက်က ထင်ရှားနေတာပဲလေမဟုတ်လား ..
-
သတင်းဖတ်နေသူတွေကို ပြောချင်တာကတော့ "အရင်ဆုံးတက်လာတိုင်း သတင်းမှန်လို့ မဆုံးဖြတ်ပါနဲ့" ကိုယ့်လူ သူ့ဘက်သားတွေကို သတိထားနိုင်ကြပါစေဗျ။
KT