ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ပြင်မှာ မူလတန်းကျောင်းသားကလေးငယ်တွေကို တင်ဆောင်လာတဲ့ ကျောင်းကား တစ်စီး ယာဉ်တိုက်မှုဖြစ်ပွား

Views

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ပြင်မှာ မူလတန်းကျောင်းသားကလေးငယ်တွေကို တင်ဆောင်လာတဲ့ ကျောင်းကား တစ်စီး ယာဉ်တိုက်မှုဖြစ်ပွားကာ ကလေးငယ် ၂၀ ဦးနီးပါး သေဆုံးခဲ့ပါတယ်။ 

-

ကျောင်းသား ၁၆ ဦးနဲ့ ဆရာ/ဆရာမ ၃ ဦးလိုက်ပါခဲ့တဲ့ လေ့လာရေးကျောင်းကားလို့ သိရပြီး ဘတ်စ်ကား ပေါ်ကနေ ရုပ်အလောင်း ၁၀ ခုကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် ကားတစီးလုံး ပျက်စီးခဲ့တာကို မြင်တွေ့ရပြီး အပူရှိန်ကြောင့် ကားအတွင်းဝင်ရောက်ဖို့တောင် မလွယ်ကူခဲ့ဘူးလို့လည်း တာဝန်ရှိ သူတွေက ဆိုပါတယ်။ 

-

အဆိုပါကားဟာ မြောက်ပိုင်း အူထိုင်းသာနီဆီ ကွင်းဆင်းလေ့လာခဲ့ပြီး ပြန်လာခဲ့တာလို့ သိရပါတယ်။ ကျောင်းကား ၃ စီးထဲက တစ်စီးဖြစ်ပြီး ဂက်စ်နဲ့ မောင်းနှင်တဲ့ ကားအမျိုးအစားဖြစ်တယ်လို့လည်း သိရပါတယ်။ 


NOM

Post a Comment

Previous Post Next Post