အိမ်မက်ထဲက မန္တလေး

Views


အနူဂျီအတွက်ကတော့ ရာဇဝင်ထဲက မန္တလေးမဟုတ်ဘူး။ အိမ်မက်ထဲက မန္တလေးဖြစ်လို့နေပါပြီ။ မန္တလေးကို သိမ်းဖို့ သပိတ်ကျင်း မတ္တရာ နွားထိုးကြီးကို တိုက်ကွက်ဖော်တယ်။ လန်ကျပြီး ဘယ်လိုမှ လှုပ်လို့မရတဲ့အချိန်မှာ ဒါမျိုးထ ထုတ်ပြန်တယ်ဆိုတာ နည်းနည်းနောနော စိတ်ကူးယဉ်တာ မဟုတ်ဘူးဗျ။

-

မန္တလေးကို မရဖို့က ၉၉.၉၉ % သေချာနေတာကို အိမ်မက်ထဲက အကြောင်းအရာတွေထုတ်ပြန်ပါလေရော။ ဘာတဲ့ မန္တလေးကိုရရင် အုပ်ချုပ်မှုယန္တရားကို ဘယ်လိုတည်ဆောက်မယ်။ ဘယ်လိုပြုပြင်မယ် ဘယ်က ဝိုင်းမယ် ညာကဝိုင်းမယ်နဲ့ အနူဂျီအိမ်မက်က တကယ်ကို ဆောင်းတွင်းမရောက်သေးဘဲ ဆောင်းတွင်းအိမ်မက်ကို မက်နေတော့တာပဲဗျာ။

-

ထုတ်ပြန်တဲ့သူတွေ မြေပြင်အခြေအနေကို မပြောပါနဲ့ဦးဗျာ လိုင်းပေါ်ကသတင်းကိုပဲ သေသေချာချာ လိုက်ဖတ် ကြည့်လိုက်ပါဦးဗျာ။ မတ္တရာအခြေအနေ၊ သပိတ်ကျင်းအခြေအနေ၊ နွားထိုးကြီးအခြေအနေလေး ပြန်မေး ကြည့်ပါဦးဗျာ။ နောက်တွဲမပါတဲ့ ရထားကြီးကိုမောင်းနေပြီးတော့ ရထားတွဲကြီးကိုပဲ Update လုပ်နေတယ်ဆိုတာ ခင်ဗျားတို့ ကိုယ်တိုင်လည်းမသိဘူး။ နောက်တွဲဖြစ်တဲ့ ပဒက်တွေကလည်း သူတို့ကို EAO တွေက အသုံးချ နေတယ်ဆိုတာလည်း မသိဘူး။ လိုက်လည်းလိုက်ပါတယ် သူ့အရပ်နဲ့သူ့ဇာတ်။

-

တစ်ခုတော့သတိပေးလိုက်မယ် အိမ်မက်မက်တာလည်းမက်ပေါ့။ အိမ်မက်ထဲမှာ သေးပေါက်ချင်ရင်တော့ သတိသာ ထားပေတော့ အဲ့ဒါ"ထောင်ချောက်"

KT

Post a Comment

Previous Post Next Post