ငါးမျှားချိတ်နှင့် ငါးစာ

Views


လတ်တလောအခြေအနေမှာ TNLA တွေဟာ ကိုးကန့်တွေအားလုံးကို ကိုယ်စားမပြုဘဲ ဖုန်မိသားစု တစ်ခုတည်း ကိုသာ ကိုယ်စားပြုထားတဲ့ MNDAA များနှင့် ပေါင်းပြီး နယ်မြေချဲ့ထွင်ရေးလုပ်ခဲ့တာ တစ်နှစ် ပြည့်ဖို့တစ်ရက်လို အချိန်ကာလတစ်ခုကိုရောက်ရှိလို့လာပါပြီ။

-

လက်ရှိအနေအထားမှာ လူအင်အား/လက်နက်အင်အား ထောက်ပံ့မှု LOC လမ်းကြောင်း ခက်ခဲသွားတဲ့ အနေအထားမှာ လက်ဖက်တို့ဟာ ဟိုးအရင်က လက်ခံရယူထားတဲ့ နမ့်ဆန်ကိုတောင်မှ လက်လွှတ်ရတော့မယ့် အနေအထားကို ရောက်မှန်းမသိရောက်ရှိလာနေတယ်ဆိုတာကို မသိကြပါဘူး။

-

နယ်မြေရယူလိုရေးလောဘကိုရှေးရှုပြီး၊ လုပ်လာကြရင်းနဲ့ ၎င်းအရင်ပေးထားတဲ့ နယ်မြေဖြစ်တဲ့ နမ့်ဆန်မှာတောင်မှ ပေါ်ပေါ်ထင်ထင် မနေရဲလောက်တဲ့ အခြေအနေတစ်ခုကိုရောက်နေပါပြီ။ ပလောင်လက်ဖက် တွေအနေနဲ့ ငါးစာကိုပဲ မြင်ပြီး ငါးမျှားချိတ်ကိုမမြင်တဲ့ အနေအထားမှာ ရှေ့တိုးမလား လက်ရှိအခြေအနေအတိုင်း နောက်ပြန်ဆုတ်မလားဆိုတာကတော့ ကိုယ့်ဒေါသနှင့်ကိုယ်ပါပဲ။

-

တရားဝင်တပ်မတော်အနေနှင့်ကတော့ ရှင်းပါတယ်။ သောင်းကျန်းသူများ တရားမဝင် ဝင်ရောက်အခြေပြု နေထိုင်နေတဲ့နေရာတွေကို ပြန်သိမ်းမှာ အသေအချာ မြေကြီးလက်ခတ်မလွဲပါပဲ။ ဘယ်လိုနည်းနဲ့ ပြန်သိမ်းသိမ်း နိုင်ငံတစ်ခုရဲ့ တရားဝင်တပ်မတော်ဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနှင့် နယ်မြေကာကွယ်ရေး အတွက် တရားဝင် စည်းဘောင်အတွင်းကဖြစ်တဲ့အတွက် နောက်ဆုံးမှာတော့ သူပုန်ကသူပုန်ပါပဲ။

-

မရသေးတဲ့ နယ်မြေကို လောဘကြီးစွာ ချဲ့ထွင်နေမယ့်အစား လက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတောင် ပြန်လည်ပေးရတော့မယ့် အနေအထားဆိုတာကို ပြန်ဆန်းစစ်နိုင်ရင်တော့ လက်ဖက်တွေမြို့ပေါ်မှာနေရမယ်။ လောဘနဲ့ ရှေ့ဆက်နေမယ်ဆိုရင်တော့ တရားမဝင်အဖွဲ့အစည်းအဖြစ်သာ ဥပဒေနည်းကျကျ ကြေငြာလိုက်မယ် ဆိုရင်တော့ဖြင့်.............. နမ့်ဆန်မြို့ဆိုတာ ဘယ်လိုဖြစ်လာမလဲ တွေးကြည့်ပေါ့။။။

KT

Post a Comment

Previous Post Next Post