နိုင်ငံတစ်နိုင်ငံတိုးတက်ရေးအတွက် အရည်အချင်းဆိုတာ

Views


“ဒေါ်စုလက်ထက်ကလုပ်ခဲ့တာ နကစ က ဝင်ပြီးနာမည်ကောင်းယူတာ၊ ဘာအရည်အချင်းမှရှိတာမဟုတ်ဘူး” ဆိုပြီး ရထားအသစ်တွေပြေးဆွဲမှုကိစ္စနဲ့ပက်သက်၍ NLD ထောက်ခံသူတွေပြောနေကြတယ်။

-

ဟုတ်ပြီ…………

-

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်၊ ဦးသိန်းစိန်လက်ထက်တို့မှာ “ခရီးသည်နှင့်ကုန်စည်များကို လုံခြုံချောမွေ့စွာ သယ်ယူပို့ဆောင်ရေး”ဆိုပြီး ကြံခင်း-ပခုက္ကူလမ်းပိုင်းရှိ မကွေးတိုင်း၊ မင်းဘူးမြို့မှ ရခိုင်ပြည် စစ်တွေမြို့သို့ ဆက်သွယ်သွားလာမည့် စစ်တွေ-အမ်း-မင်းဘူး ရထားလမ်းစီမံကိန်းကို စတင်ခဲ့တယ်။ ပြည်ထောင်စု မီးရထားလမ်းကွန်ရက်ကြီး(National Railway Network)အဖြစ် ရခိုင်နှင့် ချိတ်ဆက်ရန် ရည်ရွယ်ခဲ့တာပါ။ စီမံကိန်းလည်း တော်တော်များများပြီးခဲ့တယ်။

-

ဒါအပြင် ၂၀၁၅ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး အစိုးရတစ်ဆက်ပြီးလို့ ဒေါ်စုလက်ထက်မှာ တရားဝင် ဖွင့်လှစ်ခြင်းမရှိခဲ့သလို ရထားတစ်ကြိမ်တစ်ခါမှ ပြေးဆွဲခြင်းမရှိသည့် ရန်ကုန်-ပုသိမ် မီးရထားလမ်းသည်လည်း ယခုချိန်ထိ ရှိနေပါသေးတယ်။

-

တစ်ပိုင်းတစ်စကျန်ခဲ့တဲ့ ရထားလမ်းတွေကို စစ်အစိုးရကလုပ်တာကြောင့်ဆိုပြီး NLD က လူတွေက အမျိုးမျိုး ကန့်ကွက်ပြီး ဆက်မလုပ်ခဲ့ကြတဲ့အပြင် NLD ထောက်ခံသူလူတစ်စုကပါ “ ဦးတည်ချက်မရှိတဲ့ မီးရထားလမ်းများ၊ ရထားလမ်းပဲရှိပြီး ရထားမလာတဲ့ဘူတာ၊ ရထားလမ်းမရှိဘဲ ဘူတာပဲရှိတဲ့မြို့”ဆိုပြီး ပုံတွေတင်၊ စာအရှည်ကြီး တွေရေးပြီး လှောင်ပြောင်ခဲ့ကြတာ အားလုံးအသိပဲ။

-

နိုင်ငံမှာအစိုးရတစ်ဆက်ကို ၅နှစ်၊ ရှေ့ကလုပ်တဲ့သူရဲ့ဟာကို နောက်ကလိုက်ဖျက်မယ်၊ ရပ်တန့်မယ်၊ ငါ့လက် ငါ့ခြေနဲ့ပဲလုပ်မယ်ဆိုရင် နိုင်ငံဘယ်တော့မှ တိုးတက်မှာမဟုတ်ဘူး၊ ၅ နှစ်တည်းနဲ့ တိုးတက်ခဲ့တဲ့ နိုင်ငံဆိုတာလည်း ကမ္ဘာမှာမရှိဘူး။

-

ရှိပြီးသားဟာကို အောင်မြင်အောင်လုပ်နိုင်တဲ့သူက အရည်အချင်းရှိတာလား၊ သူများခင်းပေးထားတဲ့ လမ်းကိုတောင် မလျှောက်နိုင်ခဲ့တဲ့သူတွေကပဲ အရည်အချင်းမဲ့တာလား ဆိုတာတော့ ခွဲခြားနိုင်မှာပါ။ လက်ရှိ မှာတော့ လူထုအဆင်ပြေပြေ သွားလာနေတာက သက်သေပါပဲ။

-

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ပြည်သူတွေ ဈေးသက်သက်သာနဲ့၊ နိုင်ငံတကာအဆင့်မှီသွားလာနိုင်ရေးကိစ္စ အကောင်အထည်ဖော်ချင်ခဲ့တာ ၂၀၁၈ လောက်တည်းကပါ။

-

၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့ ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတကာစစ်ဘက် နည်းပညာဖိုရမ် (Army Forum-2018) နှင့် နိုင်ငံတကာအမျိုးသား လုံခြုံရေးဖိုရမ် (Week of National Security) သို့ တက်ရောက်ရန်အတွက် သွားခဲ့တဲ့အချိန်မှာ မော်စကိုမြို့အတွင်း လှည့်လည်ကြည့်ရှုပြီး မော်စကိုမြို့ရှိ မြေအောက်ရထား Metro အား Teatralnaya ဘူတာမှ Arbatskaya ဘူတာအထိ လိုက်ပါစီးနင်းလေ့လာခဲ့တယ်။

-

ဒါအပြင် ၂၀၂၂ ခုနှစ်၊ စက်တင် ဘာ ၁၀ ရက် နံနက်ပိုင်းမှာလည်း ရုရှားနိုင်ငံ၊ Ulan-Ude မြို့၊ ဘူတာရုံမှတဆင့် Irkutsk မြို့သို့ သီးသန့်အထူးရထားခရီးစဉ်ဖြင့် သွားရောက်ခဲ့ပြီး လိုက်ပါခဲ့ပြီး လမ်းကြောင်းတစ်လျှောက်တွင် ရထားအတွင်းပိုင်း အပြင်အဆင်များနှင့် အခန်းများဖွဲ့စည်းထားရှိမှုများ၊ မီးရထားလမ်းကြောင်းနည်းပညာ ခေတ်မီဖွံ့ဖြိုး တိုးတက်မှုများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုများ လေ့လာကြည့်ရှုခဲ့ပါတယ်။

-

အခုတော့ ကိုယ့်နိုင်ငံမှာ အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။ သူလုပ်ပြနိုင်ခဲ့ပါပြီ။ အကြမ်းဖက်သမားများနဲ့ နိုင်ငံပျက်ဆီးရေး အမျိုးမျိုးလုပ်နေတဲ့အဖွဲ့တွေက အဖက်ဖက်က ဝိုင်းဝန်းဖျက်ဆီးနေတဲ့အချိန်မှာ အောင်မြင်အောင် လုပ်နိုင်ခဲ့တာ သမိုင်းမှတ်တိုင်တစ်ခုရေးထိုးခဲ့တာပါပဲ။

#MinChitOo/KT

Post a Comment

Previous Post Next Post