နယ်မြေရှင်းလင်းနေပြီဖြစ်တဲ့ သပိတ်ကျင်း-မတ္တရာ

Views

 

မြေပြင်အနေအထားအရတော့ သပိတ်ကျင်းနဲ့ မတ္တရာဘက်မှာ တည်ငြိမ်အေးချမ်းဖို့အတွက် နယ်မြေစတင် ရှင်းလင်းနေပြီလို့ သိရှိရပါတယ်။

-

အောက်တိုဘာ ၁၈ ရက် (မနေ့)မနက် ၁၀ နာရီခန့်က သပိတ်ကျင်းမြို့နယ်ထဲမှာ နယ်မြေရှင်းလင်းနေတဲ့ စစ်ကြောင်းနဲ့ အကြမ်းဖက် TNLA/PLA အဖွဲ့တို့  တွင်းငယ်အနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဆုတ်ခွာသွားခဲ့ပါတယ်။ မိမိဘက် ထိခိုက်မှုမရှိကြောင်း သိရပြီး ရန်သူနောက်ကို လိုက်လံရှင်းလင်းနေဆဲဖြစ်ပါတယ်။

-

အလားတူ နေ့လည်ပိုင်းအချိန်က နယ်မြေခံတပ်ဌာနချုပ်တစ်ခုရဲ့ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာမှာလည်း နယ်မြေရှင်းလင်းနေတဲ့အဖွဲ့နဲ့ အကြမ်းဖက်အဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။ မိမိဘက် ထိခိုက်မှုမရှိခဲ့ပါဘူး။

-

မတ္တရာဘက်ခြမ်းမှာတော့ အောက်တိုဘာ ၁၈ ရက် နေ့လည် ၁၂ နာရီချိန်ခန့်က ဝန်းစုကျေးရွာအနီးမှာ ရန်သူကို လိုက်လံရှာဖွေချေမှုန်းနေတဲ့ စစ်ကြောင်းနဲ့ အကြမ်းဖက် TNLA ၄၀ ဦးတို ထိတွေ့မှု အချိန်အတော်ကြာ ဖြစ်ပွားခဲ့ပြီး ရန်သူ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်။

-

သပိတ်ကျင်း၊ မတ္တရာဒေသများတွင် ကင်းတို၊ ကင်းရှည်များဖြင့် နယ်မြေစတင်ရှင်းလင်းနေလျက်ရှိပြီး ထိတွေ့ တိုက်ပွဲငယ်များ မကြာခဏ ဖြစ်ပွားလျက်ရှိပါတယ်။ စစ်ကြောင်းများက စိဇက်ရှင်းလင်းလျက်ရှိပြီး တပ်ဌာနချုပ် များမှလည်း တိကျပစ်ကူပေးနေမှုကြောင့် ရန်သူမှာ အချိန်ကြာမြင့်စွာ တိုက်ခိုက်နိုင်ခြင်းမရှိဘဲ ဆုတ်ခွာသွားကြပါတယ်။

-

လက်ရှိအချိန်ထိ ရန်သူ့အလောင်း/လက်နက် လက်ဝယ်မရရှိသေးသော်လည်း ဒေသခံများနဲ့ ကြားဖြတ်သတင်း များအရ ရန်သူထိခိုက်ဒဏ်ရာရရှိမှုများပြီး သေဆုံး/ဒဏ်ရာရရှိသူများကို ကားကြီး/ငယ်များဖြင့် သယ်ထုတ်၍  ဆေးကုသမှု ခိုးလုပ်နေကြောင်း သိရှိရပါတယ်။


တိုက်ပွဲသတင်းစုံ

Post a Comment

Previous Post Next Post