တိုက်ပွဲသတင်း (မောင်တော)

Views

 

အောက်တိုဘာ ၁၅ ရက် မနက်စောစောပိုင်းက ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ နခခ(၅) ဌာနချုပ်အား အကြမ်းဖက် AA သူပုန် ၄၀၀ ဦးခန့်က ဒုတိယအကြိမ် လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။ လုံခြုံရေးတပ်ဖွဲ့များ၏ ရဲဝံ့စွန့်စားမှု၊ လေကြောင်း/အမြောက်ပစ်ကူ ထိရောက်မှုတိုကြောင့် ရန်သူပြန်လည် ထွက်ပြေးသွားခဲ့ပါတယ်။ ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးပြီး ၅ ဦးဒဏ်ရာရကာ ရန်သူ့ဘက်မှ -

(၁) အကြမ်းဖက် AA အလောင်း ၃ လောင်း

(၂) သေနတ်မျိုးစုံ ၅ လက်

  - BA-63 သေနတ် ၂ လက်

  - BA-64 သေနတ် ၁ လက်

  - M-22 သေနတ် ၁ လက်

  - Type-81 သေနတ် ၁ လက်

(၃) ကျည်မျိုးစုံ ၂၀၀ ကျော်

(၄) ကျည်ခါးပတ်တွဲ ၂ ခု

(၅) ကျည်အိမ်နှင့် ကျည်ကာဦးထုပ်များ

သိမ်းဆည်းရရှိခဲ့ပါတယ်။

-

အောက် ၁၄ ရက်တုန်းကလည်း နခခ(၅)ကို လာရောက်တိုက်ခိုက်လို AA အနေနဲ့ ၉ လောင်း ၁၈ လက် ကျန်ရစ်ခဲ့ပြီး ယခုဒုတိယအကြိမ်နဲ့ဆို ၁၁ လောင်း ၂၃ လက် သိမ်းဆည်းရရှိခဲ့ပါတယ်။

-

မြေပြင်တွင် နယ်မြေရှင်းလင်းနေဆဲ ဖြစ်ပါတယ်။ အကြမ်းဖက် AA သူပုန်များအနေနဲ့ အလောင်းကောက်အဖွဲ့ဖြင့် အလောင်းများ ဆွဲပြေးနေသောကြောင့် ယခုထက် ထိခိုက်သေဆုံးမှု အများအပြားရှိကြောင်း သိရှိရပါတယ်။

-

နခခ(၅)ကိုလည်း အခွင့်သာလျှင် လာရောက် တိုက်ခိုက်နိုင်တာကြောင့် ဝန်းကျင်ကို ပိုက်စိပ်တိုက်ရှင်းလင်းနေ တယ်လိုလည်း သိရှိရပါတယ်။


တိုက်ပွဲသတင်းစုံ

Post a Comment

Previous Post Next Post