အင်ဒိုနီးရှား အစည်းအဝေးဟာ အကြမ်းဖက်ကို အားပေးရာ ရောက်နေမည်လော

Views


အားလုံး သိနေကြတဲ့အတိုင်းပဲ အောက်တိုဘာ ၄ ရက် နဲ့ ၅ ရက်မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ တော်အတွင်း " မြန်မာ့အရေးဆိုင်ရာ အထူးကိုယ်စားလှယ်များ ပူးတွဲညှိနှိုင်းမှု အစည်းအဝေး " လို့ ခေါင်းစဉ်တပ်ထားတဲ့ အစည်းအဝေးကို ကျင်းပဖို့ ရှိနေပါတယ်။

-

ဒီအစည်းအဝေးကို မြန်မာပြည်တွင်းမှာ CDM မလုပ်တဲ့ Non-CDM ဆရာ၊ ဆရာမ၊ အခြားအစိုးရဝန်ထမ်း တွေ၊ ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေကို t+h+e+tဖြတ်တာ၊ ရထားလမ်း ကားလမ်း၊ တံတား၊ နေအိမ်အ ဆောက်အအုံတွေကို မိုင်းခွဲဖျက်ဆီးနေတဲ့ ရာဇဝတ်မှုအစုစုကို ကျူးလွန်နေသူ PDF အကြမ်းဖက်ရဲ့ ခေါင်းကိုင် NUG ကိုယ်စားလှယ်အဖွဲ့၊ ကချင်၊ ကယား၊ ကရင်၊ ချင်းအစုအဖွဲ့တွေပါတဲ့ K3C လို့ ခေါ်နေကြတဲ့ သူပုန်အဖွဲ့တွေကို ဖိတ်ထားတယ်လို့ သတင်းထွက်နေပါတယ်။

-

ဒါ့အပြင် အိမ်ရှင်အင်ဒိုနီးရှား၊ အာဆီယံအဖွဲ့၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ မလေးရှား၊ ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ရဲ့ မြန်မာ့အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တွေလည်း ပါတယ်လို့ ဆိုပါတယ်။

-

ဆိုတော့ ဒီကိစ္စက မေးခွန်းထုတ်စရာ ဖြစ်လာတာပါ။ ဘယ်လိုကြောင့် မေးခွန်းထုတ်ရမလဲဆိုတော့ အဲဒီ အစည်းအဝေးကို ရုရှား၊ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံရေးရာ အထူးကိုယ်စားလှယ်တွေကို မဖိတ်ကြား ထားတာကြောင့် ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ အနောက်အုပ်စုရဲ့ ကြိုးကိုင်ထိန်းချုပ်ထားတဲ့ အစည်းအဝေးဖြစ်တာကြောင့်လား?

-

ပြည်တွင်းမှာ ဒီအရေးကိစ္စနဲ့ပတ်သက်လို့ နစကရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ကန့်ကွက် သင့်တယ်လို့လည်း ပြောဆိုနေကြပါပြီ။

-

၂၀၂ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသာမှုတွေကို လုပ်တဲ့အတွက် အကြိမ်ကြိမ်ဖြေရှင်းပေးဖို့ ကမ်း လှမ်းချက်ကို လက်မခံဘဲ မသိကျိုးနွံပြုခဲ့တဲ့ NLD အစိုးရရဲ့ မာန်မာနကြောင့် ၂၀၂၁ ခုနှစ်မှာ အာဏာထိန်းပြီး နစက ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

-

အဲဒီအချိန်ကနေ လက်ရှိအချိန်ထိ အချိန်ကာလ ၃ နှစ် ကျော်ကြာတဲ့အထိ ဖြစ်ပွားနေတဲ့ မြန်မာပြည်တွင်း ရေးကို အပစ်အခတ်ရပ်စဲရေးလိုလားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးလိုလားသူတွေဟာ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေကြတဲ့အချိန်မှာ အင်ဒိုနီးရှားက ကျင်းပဖို့လုပ်နေတယ်ဆိုတဲ့ မြန်မာ့အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တွေရဲ့ အစည်းအဝေးက မြန်မာနိုင်ငံအတွင်း အကြမ်းဖက် လုပ်ရပ်တွေနဲ့ အမျိုးဘာသာအပေါ် အရိုအသေတန်စေနိုင်မယ့် အဖျက်လုပ်ငန်းတွေကို တွန်းအားပေးတဲ့ ရည်ရွယ်ချက်မျိုးရှိနေနိုင်တာကြောင့် ငြိမ်းချမ်းရေးလိုလားတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဂရုစိုက်ဖို့ လိုအပ်နေကြပါပြီလို့ ဆိုချင်ပါတယ်။

-

နစကဟာ ဖွဲ့စည်ပုံအခြေခံဥပဒေရဲ့ မူဝါဒတွေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရလည်းဖြစ်ပါတယ်။ ဒီအပေါ်မှာ တရားဝင်အစိုးရကို ချန်လှပ်ခဲ့တယ်ဆိုတာက အကြမ်းဖက် အားပေးတာ ဖြစ်တယ်လို့ တိတိပပ ပြောလိုပါတယ်။

-

လက်ရှိပြည်တွင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေဟာ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးတစ်ခုပဲ ဖြစ်တယ်။ ဒါကို ဝင်ရောက်စွက်ဖက်ခွင့် မရှိပါဘူး။ အခုလို မြန်မာနိုင်ငံရဲ့အရေးကို နိုင်ငံတကာအရေးပုံစံ သဏ္ဍန်ဖော်ဆောင် နေတာတွေက ဒေသတွင်းမှာ ပိုပြီးတင်းမာလာအောင် မီးလောင်ရာ လေပင့်လုပ်နေကြတာလားလို့ မေးခွန်း ထုတ်ရမှာ ဖြစ်ပါတယ်။

-

နောက်ထပ် ပြောရမယ့် အကြောင်းအရာက အမေရိကန်ပြည်ထောင်စု ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေ ဟာ သူတို့ရဲ့ ဒေသဆိုင်ရာမဟာမိတ်နိုင်ငံတွေ တိုးလာနိုင်ဖို့အတွက် မြန်မာ့အရေးကို ခုတုံးလုပ်အသုံး ချနေကြ တယ်ဆိုတာပါပဲ။

-

ဒါကြောင့် မြန်မာ့ပြည်တွင်းရေး၊ မြန်မာနဲ့အိမ်နီးချင်းနိုင်ငံတွေကြား ဆက်ဆံရေးတွေကို မတည်မငြိမ် ဖြစ်စေဖို့ ပစ်မှတ်ထားနေတဲ့ အမေရိကန်နဲ့ အနောက်အုပ်စုကြောင့် မြန်မာနိုင်ငံရဲ့တရားဝင်နစက အစိုးရအဖွဲ့ဝင်တွေ၊ ရုရှားနဲ့တရုတ် မပါဝင်တဲ့ ဒီ “ မြန်မာ့အရေးဆိုင်ရာ အထူးကိုယ်စားလှယ်များ ပူးတွဲညှိနှိုင်းရေး အစည်းအဝေး” ဟာ ပြည်တွင်းတည်ငြိမ်ရေးကို ဆိုးရွားထိခိုက်စေဖို့ အလားအလာ ရှိနေတယ်တာကြောင့် ကန့်ကွက်ရမယ့် ကိစ္စဖြစ် နေပါတယ်။

-

အခုဆိုရင် မြန်မာနိုင်ငံအတွင်း ပြန်လည်တည်ငြိမ်လာနိုင်စေမယ့် အခြေအနေအလားအလာတွေ၊ ပြန်လည် ငြိမ်းချမ်း ဖွံ့ဖြိုးတိုးတက်လာစေမည့် အခြေအနေအလားအလာတွေ ရှိစေဖို့ NCA လက်မှတ်ရေးထိုးထားတဲ့ EAO အဖွဲ့တွေနဲ့ နစက ကြားမှာ ညှိနှိုင်းဖို့ အလားအလာတွေလည်း ရှိနေတယ်လို့ သိရတဲ့ အချိန်ဖြစ်ပါတယ်။

-

နောက်ပြီးတော့ လက်ရှိအချိန်ဟာ နစကအစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံရေး လမ်းကြောင်းနဲ့ သွားနိုင်ဖို့ ရွေးကောက်ပွဲအကောင်အထည်ဖော်ဖို့ လုပ်နေချိန်လည်း ဖြစ်ပါတယ်။

-

ဒါ့အပြင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းဖို့အတွက် နစကအစိုးရနှင့် ဆက်သွယ်ဆောင်ရွက်ဖို့ နစကအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အကြမ်းဖက်လို့ ကြေညာခံထားရတဲ့အဖွဲ့တွေကို ဖိတ်ခေါ်ကမ်းလှမ်းထားတဲ့အချိန်လည်း ဖြစ်ပါတယ်။

-

ဒီလိုအချိန်မှာ “ မြန်မာ့အရေးဆိုင်ရာ အထူးကိုယ်စားလှယ်များပူးတွဲညှိနှိုင်းရေး အစည်းအဝေး” ကို PDF အကြမ်းဖက်ရဲ့ ခေါင်းကိုင် NUG ကိုယ်စားလှယ်အဖွဲ့၊ ကချင်၊ ကယား၊ ကရင်၊ ချင်းအစုအဖွဲ့တွေပါတဲ့ K3C လို့ ခေါ်နေကြတဲ့ အကြမ်းဖက်အဖွဲ့တွေကို တက်ရောက်ဖို့ ဖိတ်ထားတယ်ဆိုတာက ပြည်တွင်းငြိမ်းချမ်းရေး ပျက်စီးရာ ပျက်စီးကြောင်းကို အချိန်ကိုက် လုပ်တာ ဖြစ်တယ်လို့ ပဲ ဆိုချင်ပါ တော့တယ်။

မျိုးမြန်မာ KT

1 Comments

  1. Indonesia want to be see more terrorists attacks to happen inside Myanmar. Several thousand of innocent people including, 84 Buddhist Monks, teachers,health professionals, village and block administrators, opposite political partie members, women and children and innocent people over 8400 were assassinated by NUG 's PDF TERRORISTS GROUP since 2021.A few years ago BBC question about this PDF TERRORISTS 'S unlawful killed cases to NUG's Zin Mar Aung.She answered that unlawful assassinated criminal records terrorists PDs will take action against before Justice but except NUG though they commanded to assassinated the above innocent persons and local inhabitants in Myanmar. AGW

    ReplyDelete
Previous Post Next Post