အိမ်လွမ်းသလား ညီလေး

Views


မနေ့က ကျောက်တော်ကြီးဘုရားပွဲကို မစီစဉ်ဘဲ ရောက်ဖြစ်တော့ ငယ်ငယ်က ကိုယ်နဲ့တူတူ အမြဲသွားဖြစ်တဲ့ ညီငယ်လေးတစ်ယောက်ကို သွားပြီးသတိရမိတယ်။ အခုတော့ အဲ့ဒီညီလေးက ရှမ်းမြောက်မှာ ကိုးကန့် ပ‌လောင်တွေရဲ့ ဒိုင်းတစ်ခုအနေနဲ့ရှင်သန်နေတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့အပတ်က ‌နောက်ဆုံးရတဲ့ သတင်းအရတော့ ခြေထောက်တစ်ဖက် မိုင်းစမှန်ပြီးစွန့်လွှတ်လိုက်ရတယ်လို့ကြားတယ်။

-

မြန်မာပဒက်ဆိုရင်ကြည့်လိုက် ကျနော်တို့ညီအရွယ်တွေက ၇၈% လောက်ရှိတယ်။ သူတို့တွေလည်း သူတို့ မွေးရပ် ဌာနေတွေ သူတို့အိမ်တွေကို လွမ်းမှာပဲ။ သူတို့ခံယူချက် သူတို့ရပ်တည်ချက် သူတို့ဆုံးဖြတ်ချက် မှားခဲ့ပြီး EAO တွေရဲ့ အသုံးချခံ ဘဝကိုရောက်မှန်းမသိရောက်ခဲ့ရတယ်။

-

ဒီအချိန် အမှောင်ထဲက အလင်းထဲကိုဝင်မယ်ဆိုရင် အချိန်မှီပါဦးမလား???

-

သိပ်မှီတာပေါ့ဗျာ။ အစိုးရနှင့် တပ်မတော်အနေနဲ့လည်း တရားဝင်ထုတ်ပြန်ထားတာပဲဗျ။ နောက်တစ်ခုပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ လားရှိုး MNDAA ထိန်းချုပ်ထားတဲ့ နေရာကနေ ပဒက် ၇ ယောက် တပ်မတော် စစ်ကြောင်းနှင့် လာရောက်ပူးပေါင်းနိုင်ခဲ့ပါတယ်။ အောင်မြင်စွာပူးပေါင်းနိုင်ခဲ့ပြီး တပ်မတော်စစ်ကြောင်းမှလည်း စနစ်တကျ စည်းမျဉ်းစည်းကမ်းတွေနှင့်အညီ လက်ခံထားကာ သက်ဆိုင်ရာ အုပ်ထိန်းသူ မိဘများကို ပြန်လည် အပ်နှံသွားမှာဖြစ်ပါတယ်။

-

ဒီတော့ အိမ်လွမ်းနေတဲ့ ညီငယ်တွေ ဆုံးဖြတ်ကြပါ အချိန်ဆိုတာ နှောင်းသွားရင် မကောင်းပါဘူး ဆိုတော့ ဆုံးဖြတ်ချက်များ မှန်ကန်နိုင်ကြပါစေညီငယ်များ။ အလင်းထဲမှာ လူငယ်ဘဝကို အဖိုးတန်စွာ ဖြတ်ကျော်ကြပါ။ ငါးခြောက်ကျွေးပြီး အားနိုးဘော်ဒီလိုခိုင်းနေတဲ့ EAO တွေကို စွန့်ခွာကြပါ။

-

ဆုံးဖြတ်နိုင်စွမ်းများ မှန်ကန်နိုင်ကြပါစေ။

KT

Post a Comment

Previous Post Next Post