သန်းခေါင်စာရင်း ကောက်ယူရေး ပြင်ဆင်နေသော အုပ်ချုပ်ရေးမှူးရုံးများကို ဗုံးခွဲတိုက်ခိုက်

Views

 


စက်တင်ဘာ ၃၀ ရက် (မနေ့က) နေ့လည်က ရန်ကုန် ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်း အလတ်ချောင်း ကျေးရွာ စက်စမ်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး သန်းခေါင်းစာရင်းကောက်ယူရေး လုပ်ငန်းတွေ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ လုပ်အားပေး ဆရာ/ ဆရာမများထဲက ကျား ၁၀ ဦး၊ မ ၃ ဦး ဗုံးစများထိမှန် ဒဏ်ရာများရရှိခဲ့ပါတယ်။

-

ဒဏ်ရာရရှိသူတွေကို ပြည်သူ့ဆေးရုံကြီးတွင် ပို့ဆောင်ကုသပေးထားပြီး ကျား ၁ ဦးကတော့ ဒဏ်ရာပြင်းထန်လို့ အသက်ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

-

နစကအစိုးရက ရွေးကောက်ပွဲပြုလုပ်ပေးဖို့အတွက် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းဆောင်ရွက်နေမှုကို ပြည်ပြေး NUG အဖွဲ့က ရွေးကောက်ပွဲမဖြစ်ပေါ်စေရေးအတွက် သန်းခေါင်စာရင်း ကောက်ယူမယ့် ကာလမှာ စစ်ရေးအရှိန်မြှင့်တင်မယ်လို့လည်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။

-

NUG ရဲ့ ထုတ်ပြန်ချက်အရ အကြမ်းဖက်သမား PDF တွေဟာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ ယခုလို သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်လာခြင်းကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှုတွေဖြစ်နေရတာ စိတ်မကောင်းစရာပါပဲ။ 

-

ဒီလိုလုပ်ရပ်တွေကြောင့် NUG အနေနဲ့လည်း ကမ္ဘာသိ အကြမ်းဖက်အဖွဲ့ဖြစ်လာပြီး NUG မှာ ရာထူးယူထားတဲ့ ပြည်ပြေးအကြမ်းဖက်တွေရဲ့ နောင်ရေးလည်း ကောင်းလာနိုင်စရာအကြောင်းမရှိပါဘူး။


KT

Post a Comment

Previous Post Next Post