AA အဖွဲ့က ဘူးသီးတောင်၊ မောင်တောနယ်မြေတစ်ခုလုံးကို ထိန်းချုပ်ဖို့ အင်အားအလုံးအရင်းနဲ့ မောင်တောက နခခ(၅) ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်လာမှုအပေါ် မိုင်းကွင်းများ၊ ခံစစ်ပစ်မှတ် မှတ်ပုံတင်များ၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် AA အဖွဲ့ အကျအဆုံးများပြားပြီး အလောင်းများ ပြန်လည်သယ်ဆောင်ကာ ဆုတ်ခွာသွားပါတယ်။
-
တိုက်ပွဲများပြီးဆုံးလို့ ခံစစ်ပြန်လည်ပြင်ဆင်ချိန်မှာ ခြံစည်းရိုးနဲ့ မိုင်းကွင်းများမှာ ပြန်မသယ်နိုင်တဲ့ အလောင်း/ လက်နက်အများအပြား သိမ်းဆည်းရရှိ ခဲ့ပါတယ်။
-
အဲ့ဒီတိုက်ပွဲမှာ ရန်သူအလောင်း ၆၈ လောင်း၊ လက်နက် ၅၉ လက် လက်ဝယ်ရရှိခဲ့ပြီး ကြားဖြတ်သတင်းများအရ AA တပ်ဖွဲ့မှ ၁၆၃ ယောက်သေဆုံး ၁၁၇ ယောက် ဒဏ်ရာရရှိပြီး ဗျူဟာမှူးအဆင့် ရှိသူ လင်းယုန် ကျဆုံးကြောင်း သိရှိရပါတယ်။
-
ယခုဖော်ပြခဲ့တဲ့ AA သေဆုံးဒဏ်ရာရရှိစာရင်းဟာ အလောင်း၊ လက်နက်ရရှိခဲ့တဲ့ အရေအတွက်ဖြစ်ပြီး AA တပ်ဖွဲ ဝင်အချင်းချင်း လူမှုကွန်ရက်ပေါ်မှာ RIP လုပ်တဲ့အရေအတွက်နဲ့ မြေပြင်အမာခံ သတင်းပေးများရဲ့ သတင်းများကို ထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။
-
ကံ့ကော်တစ်ထောင်နဲ့ နခခ (၅) တိုက်ပွဲကြီးများအပါအဝင် အခြားရခိုင်ပြည်နယ် မြို့/ရွာများမှာဖြစ်တဲ့ တိုက်ပွဲကြီး/ ငယ်များမှာ အလောင်းလက်နက်ရရှိတဲ့ အရေအတွက်ဟာ အောက်တိုဘာလအတွင်း ၇၅၀ ကျော် ရှိကြောင်း သိရှိရပါတယ်။
-
အတည်မပြုနိုင်တဲ့ မြေပြင်သတင်းများအရ ယခုထက်ပိုမိုကျဆုံးကြောင်းသိရှိရပြီး ယခုစာရင်းကတော့ သက်သေ အထောက်အထားခိုင်လုံတဲ့ အတည်ပြုသတင်းဖြစ်ပါတယ်။
-
ဒီလိုအထိနာလာတဲ့ AA အဖွဲ့ဟာ ဘူးသီးတောင်၊ မောင်တောနယ်မြေကို ထိန်းချုပ်ဖို ဆက်လက်ထိုးစစ်မဆင် တော့ပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်တန်းဒေသရှိ Awami League နိုင်ငံရေးပါတီရဲ့ ဝန်ကြီးဟောင်းလည်းဖြစ် ရခိုင့်တပ်တော် AA ကို အဓိက ချုပ်ကိုင် ထောက်ပံ့နေတဲ့ အမာခံလူတစ်ဦးလည်းဖြစ်တဲ့ MP ဘိရ်ဗဟာဒူရ်(ခ) ဦးရွှေစိန် နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
တိုက်ပွဲသတင်းစုံ