AA အဖွဲ့က ဘင်္ဂလီတွေကို အခကြေးငွေယူ၍ လူကုန်ကူးနေ

Views

အောက် ၁၆

ဘူးသီးတောင်မြို့နယ်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တဲ့ ၂၀၂၄ (ဇွန်)လမှစပြီး ဘူးသီးတောင်မြို့မှာရှိတဲ့ ဒေသခံဘင်္ဂလီတွေနဲ့ တိုက်ပွဲရှောင်ဘင်္ဂလီတွေကို အတင်းအဓမ္မမောင်းထုတ်နေတဲ့အပြင် ပိုက်ဆံယူပြီး တစ်ဖက် နိုင်ငံကို လူကုန်ကူးနေတယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။

“အခုမှ မဟုတ်ဘူး .. ယခင်ကတည်းက AA တွေက ကျွန်တော်တို့ကို ဖိနှိပ်တယ် .. ARSA နဲ့ AA တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ပိုဆိုးလာတယ်။ ကျွန်တော်တို့လူမျိုးတွေကို ဖမ်းဆီး+သ+တ်+ဖြ+တ်+တယ် .. နှိပ်စက် တယ် .. ၆ (ဇွန်)လ နောက်ပိုင်းကပေါ့နော်.. မြို့ပေါ်ကသူတွေကို ညောင်ချောင်း၊ စိမ့်ညှင်းရွာနဲ့ ဖုန်ညိုလိပ်ဘက်ကို အတင်းအကြပ် ခြိမ်းခြောက်ပြီး ပြောင်းရွေ့ခိုင်းတယ်။

-

ဒီလ ၁၁ ရက်နေ့မှာတော့ AA က တစ်ယောက်ကို ၂၅ သိန်းယူပြီး တစ်ဖက်နိုင်ငံကို ပို့ပေးနေတယ် .. ပိုက်ဆံ မရှိတဲ့သူတွေကိုတော့ သေတဲ့အထိ ညှင်းပန်းနှိပ်စက်ကြတယ် .. တတ်နိုင်တဲ့သူတွေကတော့ ငွေပေးပြီး ပြေးကုန် ကြတယ် ..” လို့ ဒေသခံတစ်ဦးက ပြောလာပါတယ်။

-

ယခုလို ဘင်္ဂလီတွေအပေါ် ညှင်းပန်းနှိပ်စက်မှုတွေကြောင့် ဘင်္ဂလီအရေး တက်ကြွလှုပ်ရှားသူတွေက AA အပေါ် အပြစ်တင်ဆန့်ကျင်နေတာကို မကြာခဏတွေ့မြင်နေရပါတယ်။

-

အစိုးရအနေနဲ့ကတော့ AA အဖွဲ့ရဲ့ ဒီလိုလူမျိုးတုန်း ဖမ်းဆီးသ+တ်+ဖြ+တ်+တာတွေ၊ လူကုန်ကူးတာတွေကို တားဆီးထိန်းချုပ်နိုင်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#ဒေသခံတစ်ဦးပြောကြားချက်

Post a Comment

Previous Post Next Post