တောင်ကုတ်မြို့အနီးရှိ AA ယာယီစစ်သင်တန်းပေးနေသည့်နေရာအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

Views

 


ယမန်နေ့ည  ၁၁ နာရီခန့်က တောင်ကုတ်မြို့ မှ အနောက်မြောက်ဘက် ၇ မိုင်ခန့်အကွာ ခေါင်းလောင်းတူကျေးရွာအရှေ့ဘက်ရှိ AA ယာယီစစ်သင်တန်းပေးနေသည့် နေရာအား လေကြောင်းမှနေ၍ (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

-

ယင်းနေရာမှာ AA အဖွဲ့မှ ULA/AA တိုက်နယ်ရုံးဖွင့်ထားသည့်နေရာဖြစ်ပြီး လက်ရှိအချိန်တွင် AA ၃၀ ကျော်ခန့်မှ ယာယီစစ်သင်တန်းပေးနေသည့်နေရာဖြစ်ကြောင်း၊ သင်တန်းတက်နေသည့် AA တပ်ဖွဲ့ဝင် ၁၀၀ ကျော်ရှိပြီး၊ သင်တန်းတက်ရန် ရောက်ရှိစုဝေးနေသူ ၆၀ ကျော်ခန့်ရှိကြောင်း၊ ထိုအဖွဲ့များမှာ တောင်ကုတ်ကိုတိုက်ရန် အရေးပေါ်စစ်သင်တန်းတက်နေကြသူများဖြစ်ကြောင်း၊  ညအချိန်တိုက်ခိုက်ခံရတာဖြစ်သောကြောင့် အဆိုပါတိုက်ခိုက်ခံရမှုအတွင်း ၄၂ ဦးသေဆုံးခဲ့ပြီး ၃၀ ကျော် အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှတဆင့် ကြားသိရသည်။


KT 

Post a Comment

Previous Post Next Post