အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြီးများမှာ AA အဖွဲ့ ထိခိုက်ကျဆုံးမှု များပြားနေလို့ လူသစ်အဓမ္မ စုဆောင်းမှုများ ပြုလုပ်လျက်ရှိနေပါတယ်။
-
ယခင်က AA အဖွဲ့ထဲကို ရခိုင်လူငယ်များကိုသာ တပ်သားသစ်စုဆောင်းခဲ့ပေမယ့် ယခုအခါမှာ ရခိုင်လူငယ်များ ထိခိုက်ကျဆုံးများပြီး လူသစ်ဝင်ရောက်သူ နည်းပါးလာလို့ အရပ်သားခရီးသွားယာဉ်များကို တားဆီးပြီး လူမျိုးပေါင်းစုံကို အဓမ္မလူသစ် စုဆောင်းလျက်ရှိပါတယ်။ အထူးသဖြင့် ပလက်ဝဒေသ ချင်းလူမျိုးများကို တပ်သားစုဆောင်းနေပါတယ်။
-
ယခုလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများအနက် အောက်တိုဘာလ ၂ ရက်နေ့က တောင်ကုတ်မြို့နယ် ခေါင်းလောင်းတူကျေးရွာအနီး ယာယီစစ်သင်တန်းကျောင်းနေရာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ AA တပ်ဖွဲ့ဝင် ၄၂ ဦး သေဆုံးပြီး ၃၀ ဦးခန့် ဒဏ်ရာရရှိခဲ့ပါတယ်။
-
အောက်တိုဘာလအတွင်း AA အမာခံ ၁၈ ဦး ဖမ်းဆီးခံခဲ့ရပြီး ၎င်းတိုကို စစ်ကြောဖော်ထုတ်ချက်အရ သိရှိရတဲ့ AA တပ်ဖွဲ့အခြေပြုနေရာများကို လေကြောင်းကင်းထောက်နဲ့ အတည်ပြုပြီး MIG-29 လေယာဉ်များဖြင့် AA သင်တန်းကျောင်းနေရာများကို အလစ်အငိုက်တိုက်ခိုက်မှုကြောင့် ယခုလအတွင်း AA တပ်ဖွဲ့များ ထိခိုက်ကျဆုံး များပြားရခြင်းဖြစ်ပါတယ်။
-
ဒါ့အပြင် အောက်တိုဘာလ ၁၁ ၊ ၁၂ ၊ ၁၃ ရက်များမှာ အမ်းမြို့နယ် ၊ မီးလောင်ချောင်းရွာရှိ ကံ့ကော်တစ်ထောင် ဘုရားကုန်းတိုက်ပွဲမှာ AA တပ်ဖွဲ့ဝင် ၉၄ ယောက်ကျဆုံး၊ ၅၂ ယောက် ဒဏ်ရာရရှိပြီး အထိနာ ဆုတ်ခွာသွားခဲ့ပါတယ်။
-
အဲ့ဒီကံကော်တစ်ထောင်တိုက်ပွဲမှာ ရန်သူသာလွန်အင်အားကို ရဲရဲဝံ့ဝံ့ ခုခံတိုက်ခိုက်ပြီး လေကြောင်းပစ်ကူနဲ့ ရန်သူကို အထိနာအောင် တိုက်ပွဲဝင်ခဲ့တဲ့ အရာရှိ၊ စစ်သည်များကို စစ်မြေပြင်အဆင့်တိုး ရာထူးများပေးအပ်ခဲ့ပြီး ဒုချုပ်၊ ကစထမှူး၊ တိုင်းမှူး ချီးကျူးဂုဏ်ပြုလွှာများ ပေးပို့ခဲ့သလို စွမ်းရည်ဘွဲများ ပေးအပ်ဖို့ စီစဉ်နေကြောင်း သိရှိရပါတယ်။
-
နောက်ထပ်ထူးခြားတဲ့ တိုက်ပွဲကြီးကတော့ အောက်တိုဘာ ၁၃ ရက်ကနေ ၁၇ ရက်အထိ ဖြစ်ပွားခဲ့တဲ့ မောင်တော၊ နခခ(၅) တပ်ဌာနချုပ်တိုက်ပွဲဖြစ်ပါတယ်။
-
အပိုင်း(၂) ဆက်လက်ဖော်ပြပေးသွားပါမည်။
တိုက်ပွဲသတင်းစုံ