ပလက်ဝမှာ လူသိများတဲ့ ချင်းလူမျိုး ဒေါက်တာတစ်ဦးကို ရခိုင်လူမျိုးရေးအစွန်းရောက်အဖွဲ့ (AA)က ဖမ်းဆီးခေါ်ဆောင်သွား

Views

 

  ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့၊ မြို့မရပ်ကွက်နေ ချင်းအမျိုးသား ဒေါက်တာအေးကျော်ကို ရခိုင်လူမျိုးရေးအစွန်းရောက်အဖွဲ့ (AA)က ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီကနေ့ထိ ပြန်လွတ်ပေးခြင်း မရှိသေးဘူးလို ၎င်းမိသားစုနဲ့နီးစပ်သူဆီက သိရပါတယ်။


  ပလက်ဝဒေသအတွင်း ဝင်ရောက်အခြေချနေထိုင်ကာ ချင်းလူမျိုးများအား အမျိုးမျိုးအနိုင်ကျင့်စော်ကားမှုများ ပြုလုပ်နေသည့် AA အဖွဲ့အား ချင်းတိုင်းရင်းသားများမှ အမြန်ဆုံးထွက်ခွာပေးရန် ဆန္ဒပြတောင်ဆိုနေသော်လည်း ၎င်းအဖွဲ့အနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက ပလက်ဝဒေသခံ ၁၀ ဦးကို AA အဖွဲ့မှ CDF-Paletwa ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားသေးကြောင်း ဒေသတွင်းနေထိုင်သူတစ်ဦးမှ ပြောသည်။

Post a Comment

Previous Post Next Post