AA အကြောင်း တစေ့တစောင်း

Views

၃ / ၄ လ ဖြစ်နေတဲ့ မောင်တောတိုက်ပွဲတွင် အကြမ်းဖက် AA အင်အား ၂  သောင်းခန့်နဲ့ တိုက်ခိုက်နေတာ ဖြစ်ပြီး အဆိုပါတိုက်ပွဲအတွင်း AA တပ်ဖွဲ့ဝင် ၁ သောင်းကျော်သေဆုံးခဲ့၍ ၇ ထောင်ခန့် ဒဏ်ရာရရှိခဲ့ကြောင်း AA နဲ့ နီးစပ် သူတွေထံမှ သိရှိရပါတယ်။

-

ရခိုင်တစ်ပြည်လုံး တိုက်ပွဲထဲက အထူးသဖြင့် မောင်တောနဲ့ သံတွဲ မှာ AA ဘက်က အများကြီး ပေးဆပ်ရနေတယ်။ တဖန် ယခု နခခ ၅ တပ်ရင်းတစ်ခုအတွက်လည်း ပေးဆပ်ရတာ မနည်းဘူး။

-

သံတွဲတိုက်ပွဲမပြီးခင် ကတည်းကနေ AA က သူတို့ အင်အားနည်းလာတာကို သိခဲ့ပြီး သူတိုထိန်းချုပ်နယ်မြေတွေမှ မွတ်စလင်၊ ရခိုင် ၊ မြို စတဲ့ လူငယ်တွေကို ရရာနည်းလမ်းနဲ့ ဖိအားပေးပြီး လူငယ်တွေကို တွေ့ရာ နေရာကနေ ဖမ်းဆီးကာ အတင်းအဓမ္မစစ်သင်တန်း ပေးနေရတဲ့ထိ ဖြစ်သွားတယ်။

-

ယခု အဲဒီ အတင်းအဓမ္မ သင်တန်းတက်ခိုင်းခံနေရတဲ့ လူငယ်တွေကိုလည်း မောင်တောနဲ့ အမ်းဘက်ကို အထိနာနေတာကြောင့်  တောက်လျှောက်စစ်ကူပို့နေတယ်။ တစ်ချို့တွေက လမ်းတစ်ပိုင်းမှ ထွက်ပြေးသွား တာတွေလည်း အများရှိနေတယ်။ ယခုရက်ပိုင်းမှာ တိုက်ပွဲတွေမှာ စစ်တပ်ဘက်က လေကြောင်း တိုက်ခိုက်မှုအတွင်း တော်တော် ထိခိုက်သေဆုံးနေတယ်။ စစ်တပ်ကိုလည်း ပစ်မှတ်သတင်း အတိအကျ ပေးနေသူတွေရှိနေတော့ ပစ်မှတ်တွေ တော်တော်ထိရောက်မှု ရှိနေတယ်။

-

AA မှာ အင်အား ၄ သောင်းကျော်ရှိခဲ့ပေမယ့် ယခုအချိန်တွင် အတင်းအဓမ္မ သင်တန်းတက်ခိုင်းခံနေရတဲ့ လူတွေပါပေါင်းရင် အင်အား ၁ သောင်းခွဲလောက်ပဲ ရှိနိုင်တယ်။ ရခိုင်တွေကလည်း AA ကို မကျေနပ်မှုတွေများလာနေတယ်လို့ AAနဲ့ နီးစပ်သူ၊ AAရဲ့အခြေအနေ အနီးကပ်စောင့်ကြည့်နေတဲ့သူ တစ်ဦးက ယခုလိုပြောကြားခြင်း ဖြစ်ပါတယ်။


Crd.KTM

တိုက်ပွဲသတင်းစုံ

Post a Comment

Previous Post Next Post