AA အဖွဲ့ရဲ့ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းခံရသည့် မောင်တောမြို့မှ ၅ တန်း ကျောင်းသားတစ်ဦးအား ထိုးသွင်းဒဏ်ရာများနှင့်အတူ သေဆုံးလျက်ပြန်တွေ့

Views

 

အောက်တိုဘာ ၂ ရက်၊ ၂၀၂၄ခုနှစ်၊ မေယုဌာနေသတင်း


 ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့က ရခိုင်ပြည်၊ မောင်တောမြို့၊ ၄ မိုင်ရွာမှ ဒုမူပြကျောင်းဆရာမ ဒေါ်စန္ဒာဝင်း၏ သားဖြစ်သူ အသက် (၁၁) နှစ်အရွယ် ၅ တန်းကျောင်းသားမှာ အနီးအနားတွင် ငါးမျှားရန်အိမ်မှထွက်သွားစဉ် အဆိုပါရွာအနီး မိုင်းရှင်းလင်းသည်ဟုဆိုကာ တစ်အိမ်တက် တစ်အိမ်ဆင်းပြီး လူသစ်လိုက်လံစုနေသည့် AA လက်နက်ကိုင်အဖွဲ့နှင့်တိုး၍ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းခံခဲ့ရသည်။


  မိဘများမှ AA အဖွဲ့မှ တာဝန်ရှိသူများအားလိုက်လံမေးမြန်းခဲ့သော်လည်း မည်သည့်သတင်းမှမရ၍ ထပ်မံရှာဖွေခဲ့ရာ ယင်းနောက် စက်တင်ဘာ ၂၉ ရက်၊ နံနက်ပိုင်းတွင် မောင်တောမြို့ နခခ(၂) ရှေ့ရှိ ၄ မိုင် မွတ်ဆလင်ကျေးရွာအတွင်း နေအိမ်တစ်လုံးရှေ့၌ သတ်ဖြတ်ခံထားရသည့် သူ၏အလောင်းကို ရှာတွေ့ခဲ့ကြောင်း၊ ဦးခေါင်းအား တုတ်ဖြင့်ရိုက်ထားသည့် ဒဏ်ရာ(၁)ချက်နှင့် ညာဖက်ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ (၁) ချက်တို့ပါရှိကြောင်း သိရှရသည်။


  အဆိုပါ ကိစ္စနှင့်ပက်သက်၍ ၄မိုင်ရွာနေ ဒေသခံတစ်ဦးမှ “အခုနောက်ပိုင်း AA အဖွဲ့က အရင်လို တစ်ရွာဘယ်နှစ်ယောက်ပေးဆိုပြီး တပ်သားသစ်မတောင်းတော့ဘူး၊ တွေ့ရင်တွေ့သလိုခေါ်သွားတာ၊ ပြီးခဲ့တဲ့လပိုင်းကစပြီး သူတိုလှုပ်ရှားလို့ရတဲ့ရွာတွေမှာ မိုင်းရှင်းလင်းရေးဆိုပြီး တစ်အိမ်တက် တစ်အိမ်ဆင်းလိုက်စစ်တယ်၊ အသက်ဆယ်နှစ်ကျော်ကလေးတွေကို တပ်တော်ထဲမဝင်မနေရဆိုပြီး ဆွဲခေါ်သွားတယ်၊ ထွက်ပြေးလိုမိရင် သတ်ပစ်တာတွေနဲ့ ဖမ်းလို့မမိရင် မိဘတွေကို ဖမ်းဆီးပြီး ကလေးတွေ သူတို့ဆီပြန်လာအောင်လုပ်တယ်၊ ငွေကြေးတတ်နိုင်တဲ့အိမ်တွေဆိုရင်တော့ တစ်ယောက်ကို (၁၀)သိန်းကနေ သိန်း (၃၀)ကြားတောင်းပြီး ပြန်ရွေးခိုင်းတယ်၊ ၄ မိုင် မွတ်ဆလင်ရွာမှာလည်း သူတို့အဖွဲ့ပဲရှိတာ၊ အဲ့ဒီကိုခေါ်သွားပြီး ထွက်ပြေးလို စံနမူနာပြအနေနဲ့ သတ်ပြလိုက်တာ၊ သူတိုဖမ်းသွားတာကို မြင်လိုက်တဲ့သူတွေရှိတယ်” လို့ ပြောသည်။

Post a Comment

Previous Post Next Post