ထုတ်ပြန်ချက်မှာတော့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို USAID မှတစ်ဆင့် ပေးအပ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
-
လူသားချင်းစာနာမှုအကူအညီများအပါ သန့်ရှင်းသောရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေး အထောက်အကူပြုပစ္စည်းတွေနဲ့ အခြားကယ်ဆယ်ရေးပစ္စည်းတွေ ပါဝင်မယ်လို့သိရပြီး အရေးပေါ် လိုအပ်တဲ့ဒေသတွေကို အမြန်ဆုံးပို့ဆောင်ပေးဖို့ နစက အစိုးရကို တောင်းဆိုထားပါတယ်။
-
ပြောချင်တာကတော့ အကူအညီပေးရမယ်ဆို ဟိုတောင်းဆို၊ ဒီတောင်းဆိုနဲ့ အီလေးဆွဲနေပြီး မြန်မာပြည်ဖျက်ဖို့ဆို အကြမ်းဖက် NUG/ PDF တွေနဲ့ သူပုန်တွေကို လူသတ်လက်နက်တပ်ဆင်ပေးတာ မြန်မှ မြန်ပဲ။
-
မြန်မာပြည်သူတွေကတော့ US အနေနဲ့ မုန်တိုင်းထောက်ပံ့ပစ္စည်းတွေ ပေးအပ်တာထက် အကြမ်းဖက် NUG/ PDF တွေကို လက်နက်/ခဲယမ်းတွေ မထောက်ပံ့ဖို့နဲ့ မြန်မာပြည်သူတွေအပေါ် NUG ရဲ့အကြမ်းဖက်မှုတွေ ရပ်ဆိုင်းစေဖို့ ပိုမိုမျှော်လင့်ကြတာ အမှန်ပဲ။
KT