အမေရိကန်ရဲ့ QUAD အဖွဲ့အစည်းအဝေး၊ တရုတ်အရေးနဲ့ မြန်မာပြည်

Views

 


စက်တင်ဘာ ၂၁ ရက်နေ့က အမေရိကန်နိုင်ငံ၊ ဒီလာဝဲလ်မြို့မှာ လုပ်ခဲ့တဲ့ QUAD အစည်းအဝေးမှာ တရုတ်အရေးပတ်သက်ပြီး အလေးပေးဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ထိုအစည်းအဝေးမှာ တောင်တရုတ်ပင်လယ်အရေး၊ အင်ဒို-ပစိဖိတ်ဒေသမှာ ရေကြောင်းလုံခြုံရေးဆိုင်ရာကိစ္စတွေနဲ့ တရုတ်နိုင်ငံရဲ့ အင်အားတိုးချဲ့လာနေတာတွေကို ထိန်းချုပ်ဖို့အတွက် နည်းပညာနဲ့ ကင်းလှည့်တာတွေကို လုပ်ဆောင်သွားဖို့ QUAD အဖွဲ့ဝင် ၄ နိုင်ငံဖြစ်တဲ့ အမေရိကန်၊ အိန္ဒိယ၊ ဩစတြေးလျနဲ့ ဂျပန်နိုင်ငံတွေက သဘောတူထားခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

-

အခု လုပ်တဲ့ အစည်းအဝေးက တရုတ်နိုင်ငံကို ထိန်းချုပ်ဖို့အတွက်လုပ်တာမဟုတ်ဘူးလို့ QUAD အဖွဲ့ဝင်တွေက တရားဝင်ပြောတာမျိုးမရှိပေမယ့် QUAD အဖွဲ့ရဲ့ ရည်ရွယ်ချက်က အင်ဒို-ပစိဖိတ်ဒေသရဲ့ အင်အားကြီးနိုင်ငံတွေနဲ့ ပူးပေါင်းပြီး တရုတ်ရဲ့ စစ်ရေးအင်အားတိုးချဲ့နေတာကို ထိန်းချုပ်ဖို့အတွက်ပဲ ဖြစ်ပါတယ်။

-

ဒီအစည်းအဝေးကို အမေရိကန်မှာ လုပ်နေတဲ့အချိန်မှာပဲတရုတ်ကလည်း သူ့ရဲ့နျူကလီးယားထိပ်ဖူးတပ် တိုက်ချင်းပစ်ဒုံးပျံ စမ်းသပ်ပစ်ခတ်တာကို လုပ်ဆောင်ခဲ့သလို မြောက်ကိုရီးယားကလည်း QUAD အစည်းအဝေးက အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တွေရဲ့ အာရှဒေသမှာ တခြားနိုင်ငံတွေကို ထိန်းချုပ်ဖို့ လုပ်တာပဲ ဖြစ်တယ်လို့သူ့ရဲ့နိုင်ငံပိုင်သတင်းဌာန KBS ကနေ တရားဝင်ပြောထားပါတယ်။

-

QUAD အစည်းအဝေးမှာ အိန္ဒိယကလည်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးပြောထားတာတွေ ရှိတယ်လို့လည်း သိရတယ်။ အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ကို ထိန်းချုပ်ဖို့အတွက် လုပ်လာတာအပြင် တရုတ်နဲ့ နီးကပ်နေတဲ့ အိန္ဒိယကနေလည်း တရုတ်ရဲ့ ပင်လယ်ထွက်ပေါက်ကို ထိန်းချုပ်ဖို့ လုပ်လာနိုင်တယ်လို့ပဲ ထင်မြင်မိပါတယ်။

-

ဒါ့ဆိုရင်တော့ မြန်မာအနေနဲ့ အိန္ဒိယနဲ့ တရုတ်ကြားမှာ သတိထားပြီး လုပ်ဆောင်ရမယ့်အပြင် လက်ရှိဖြစ်နေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။


မင်းခန့် 

Post a Comment

Previous Post Next Post