QUAD အဖွဲ့ရဲ့ မြန်မာအပေါ် ဖိအားပေးလာမှု

Views


အင်ဒို- ပစိဖိတ်ဒေသအတွင်း တရုတ်နိုင်ငံကို ဝိုင်းပတ်ပိတ်ဆို့ဖို့ ဦးတည်ဖွဲ့စည်းထားတဲ့ အမေရိကန်၊ အိန္ဒိယ ၊ ဂျပန်၊ သြစ​​​​တြေးလျ (၄ )နိုင်ငံပါဝင်တဲ့ QUAD အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးကို အမေရိကန်နိုင်ငံမှာ စက်တင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။


အဲ့ဒိထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်ထဲမှာ မြန်မာ့အရေးကိစ္စကိုလည်း ထည့်သွင်းထုတ်ပြန်တယ်လို့သိရပါတယ်။ 


အဲ့ဒီထုန်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ ၊ မတရားဖမ်းဆီးချုပ်နှောင်ထားခံရသူများကို လွှတ်ပေးဖို့၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့အတွက် လုပ်ငန်းစဥ်တွေ လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။


အဲ့ဒီထုတ်ပြန်ချက်ရဲ့ နောက်ဆက်တွဲသတင်းတွေအရ အိန္ဒိယနိုင်ငံက နိုဝင်ဘာလ လယ်မှာ NUG၊ CNF၊ AA ၊ KIA အဖွဲ့တွေကို တွေ့ဆုံပြီး နယ်စပ်ဒေသ လုံခြုံရေးဆွေးနွေးမှုများ ပြုလုပ်မယ်လိုဆိုပါတယ်။


အမေရိကန်ဟာ QUAD အဖွဲ့မှ တစ်ဆင့် အိန္ဒိယနိုင်ငံကို အသုံးချပြီး အိန္ဒိယ အိမ်နီးချင်းနိုင်ငံတွေမှာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှု မရှိစေရေးအတွက် ပါကစ္စတန်၊ သီရိလင်္ကါ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ တရုတ်ယိမ်းတဲ့ အစိုးရတွေ ပြုတ်ကျအောင် လူထုဆူပူအုံကြွမှုတွေနဲ့  ထိန်းချုပ်လုပ်ကိုင်ခဲ့ပါတယ်။


လက်ရှိ နစက အစိုးရအနေနဲ့လည်း တရုတ်နဲ့ ဆက်ဆံရေးတွေ တိုးတတ်ကောင်းမွန်လာပြီး မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံရဲ့အကျိုးစီးပွားတွေ မထိခိုက်စေရေး အကြမ်းဖက်သောင်းကျန်းသူတွေကို အကန့်အသတ်နဲ့ ထိန်းချုပ်တိုက်ခိုက်နေချိန်မှာ QUAD အဖွဲ့ဝင်အိန္ဒိယ အနေ နဲ့ အမေရိကန်နိုင်ငံရဲ့ နောက်ကွယ်က ဖိအားပေးမှုတွေအရ မြန်မာနိုင်ငံထဲက လက်နက်ကိုင်သူပုန်တွေကို ခေါ်ယူတွေ့ဆုံမှုဟာ သတိထားစောင့်ကြည့်ရမယ့်အခြေအနေတစ်ရပ်ဖြစ်တယ်လို့ ထင်မြင်ယူဆမိပါတယ်။ 


ခင်ညိုချော

Post a Comment

Previous Post Next Post