ကမာဝက်မြို့တွင် အပြစ်မဲ့ ပြည်သူတစ်ဦးအား အကြမ်းဖက် PDF နှင့် မွန်ပြည်သစ်(ခွဲထွက်)အဖွဲမှ သတ်ဖြတ်

Views

 


ကမာဝက်မြို့တွင် အပြစ်မဲ့ ပြည်သူတစ်ဦးအား အကြမ်းဖက် PDF နှင့် မွန်ပြည်သစ်(ခွဲထွက်)အဖွဲ့မှ သတ်ဖြတ်

***

စက်တင်ဘာ ၁၈ ရက်၊ နံနက် ၄ နာရီအချိန်ခန့်က ကမာဝက်မြို့စိန်တောင်ရပ်ကွက်နေသူ ဦးကျော်နိုင်(ခ)အပစ်ဆိုသူအား အကြမ်းဖက် PDF နှင့် မွန်ပြည်သစ်(ခွဲထွက်)အဖွဲ့မှ သတ်ဖြတ်သွားကြောင်း သတင်းရရှိပါသည်။ 

ဖြစ်စဥ်အားစုံစမ်းရာ-

သတ်ဖြတ်ခံရသူ ဦးကျော်နိုင်(ခ)အပစ်၊ ၄၃နှစ်မှာ ဇနီး၊ သမီးဖြစ်သူတိုနှင့်အတူ ဂုံညင်းတန်းရပ်ကွက်၊ကမာဝက်ချောင်းဘေးရှိ ၎င်းပိုင်လယ်တော၏တဲတွင် အိပ်စက်နေစဉ် အကြမ်ဖက် PDFနှင့် မွန်ပြည်သစ်(ခွဲထွက်)ပူးပေါင်းအဖွဲ့ ၃ ဦးမှ လက်နက်ငယ်ဖြင့် (၃)ချက် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဦးကျော်နိုင်(ခ) အပစ်တွင်ဦးခေါင်း(ညာဘက်)နောက်စေ့နား ကျည်ဖောက်ဝင်ဒဏ်ရာ၊ နောက်ကျော(ဘယ်ဘက်)ကျည် ဖောက်ဝင်ဒဏ်ရာတိုဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။

မွန်ပြည်သစ်(ခွဲထွက်)အဖွဲ့သည် မွန်လူမျိုးများကောင်းစားရေးဟု ကြွေးကြော်နေသော်လည်း အကြမ်းဖက် PDF များနှင့်ပူးပေါင်း၍ မိမိမွန်လူမျိုးများနေထိုင်ရာ ဒေသများအား မီးရှိခြင်း၊ Drop Bomb ချခြင်းနှင့် အဆိုးဆုံးအနေဖြင့် လူမျိုးအချင်းချင်းပင် ဒလန်ဟုစွပ်စွဲ၍ သတ်ဖြတ်ခြင်းများပြုလုပ်လာသောကြောင့် ပြည်သူများအနေဖြင့် သတိဖြင့်နေထိုင်ကြပါရန်နှင့် အကြမ်းဖက်သမားများ၏ သတင်းများအားလည်း သက်ဆိုင်ရာလုံခြုံရေးအဖွဲများထံသို အချိန်နှင့်တစ်ပြေးညီ အသိပေးတင်ပြအပ်ပါတယ် ခင်ဗျာ..


Saw Ba Maung

Post a Comment

Previous Post Next Post