အကြမ်းဖက် PDF များက လက်နက်ကြီး/ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ပြည်သူ ၁၂ ဦး သေဆုံး

Views



Breaking News (ကြွယ်ပုံ)

စက် ၁၇ ရက်(ယနေ့)။ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာမှ ဒေသခံပြည်သူများ တောင်ယာလုပ်ရန် သွားရောက်စဉ် အကြမ်းဖက် PDF များက လက်နက်ကြီး/ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ပြည်သူ ၁၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကြောင်း သိရှိရပါတယ်။

-

သေဆုံး/ ဒဏ်ရာရသူများမှာ -

(၁) ဒေါ်ဝင်းရွှေ .. အသက် ၄၀ (သေဆုံး)

(၂) မရည်မွန် .. အသက် ၂၃ (သေဆုံး)

(၃) မသူဇာဝင်း .. အသက် ၂၇ (သေဆုံး)

(၄) မသူဇာအောင် .. အသက် ၃၄ (သေဆုံး)

(၅) မယု .. အသက် ၃၅ (သေဆုံး)

(၆) မမြတ်စု .. အသက် ၂၂ (သေဆုံး)

(၇) မသူဇာဝင်း .. အသက် ၁၉ (သေဆုံး)

(၈) မသန္တာဝင်း .. အသက် ၂၁ (သေဆုံး)

(၉) မသဲဇင်ဝင်း .. အသက် ၂၄ (သေဆုံး)

(၁၀) မစုလှိင် .. အသက် ၂၃ (သေဆုံး)

(၁၁) မသန္တာမိုး .. အသက် ၃၃ (သေဆုံး)

(၁၂) မဘုတ် .. အသက် ၃၇ (သေဆုံး)

(၁၃) မစုနိုင် .. အသက် ၃၃ (ဒဏ်ရာရ)

(၁၄) ဒေါ်ရီသန့် .. အသက် ၅၁ (ဒဏ်ရာရ)

(၁၅) မစိုးမမ .. အသက် ၃၃ (ဒဏ်ရာရ)

တို ဖြစ်ပါတယ်။ သေဆုံးနံပါတ် (၇/၈/၉) မှာ ညီအစ်မအရင်းများဖြစ်တာကို စိတ်မကောင်းဖွယ် တွေ့ရပါတယ်။

-

အဆိုပါရွာဟာ အကြမ်းဖက် PDF များကို အားပေးထောက်ခံခြင်းမရှိတဲ့ ကျေးရွာဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း မှာလည်း အကြမ်းဖက် PDF များက Droup Bomb ချ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၅ ဦး အပါ အဝင် ၈ ဦး သေဆုံးပြီး အပြစ်မဲ့ပြည်သူ ၃၁ ဦး ဒဏ်ရာရရှိတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။

-

အကြမ်းဖက် PDF များအနေနဲ့ “ငါနဲ့ .. မတူ .. ငါ့ရန်သူ” ဝါဒကို လက်ကိုင်စွဲပြီး ရိုးသားစွာ လုပ်ကိုင်စားသောက်နေတဲ့ ဒေသခံပြည်သူတွေကို သတ်ဖြတ်ခြင်းသည် War Crimes ကျူးလွန်ခြင်း ဖြစ်ပါကြောင်း ရေးသားဖော်ပြလိုက်ပါတယ်။

KT

Post a Comment

Previous Post Next Post