လက်ဘနွန်းနိုင်ငံ ဟဇ်ဘိုလာ ခေါင်းဆောင်အများအပြားသုံးတဲ့ Pager လို့ခေါ်တဲ့ စာတိုပို့ ဆက်သွယ်ရေး Devices ရုတ်တရက်ကြီး တပြိုင်တည်း တစ်ချိန်တည်းမှာပေါက်ကွဲမှုဖြစ်ပွား

Views

 


လက်ဘနွန်နိုင်ငံ ဘေရွတ်မြိုတော် အနှံအပြားမှာ သွားလာလှုပ်ရှားနေကြတဲ့ ဟဇ်ဘိုလာ ခေါင်းဆောင် အများအပြားဟာ သူတို့အချင်းချင်း ဆက်သွယ်ရေး အသုံးပြုနေကြတဲ့ Pager လို ခေါ်တဲ့ စာတိုပို့ ဆက်သွယ်ရေး Devices အများအပြား ကိုင်ဆောင်ထားကြရာမှာ ရုတ်တရက်ကြီး တပြိုင်တည်း တစ်ချိန်တည်းမှာပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် ဟဇ်ဘိုလာ ခေါင်းဆောင် အများအပြား ဒဏ်ရာအပြင်းအထန်ရသွားခဲ့ကြောင်း သိရပါတယ်။ 

အတည်မပြုရသေးတဲ့ သတင်းများအရ အစ္စရေး ဟက်ကာတွေက အဆင့်မြင့် နည်းပညာသုံးဒရုန်းတွေ အသုံးပြုကာ Pagers ဆက်သွယ်ရေး devices လေးတွေရဲ့ လစ်သီယံဘက်ထရီတွေကို အဝေးထိန်းစနစ်နဲ့ ချိတ်ဆက် ဖောက်ခွဲပစ်ခဲ့တာလို ဖော်ပြနေကြတာ တွေ့ရပါတယ်။

အကယ်၍သာ ဒီသတင်း မှန်ကန်ခဲ့ပါက အင်မတန်စိုးရိမ်ဖွယ်ရာဖြစ်နေပါတယ်။ ယခုလက်ရှိ လက်ဘနွန် အစိုးရက ပြည်သူတွေအားလုံး ဝိုင်ယာလက်စ် ဆက်သွယ်ရေး ပစ္စည်းတွေအားလုံး မိုဘိုင်းဖုန်း တွေ အပါအဝင် သတိပြု အန္တရာယ် ရှောင်ရှားကြဖို့ အမိန့်ထုတ်ထားပါသတဲ့။

(Pager ဆိုတာက ကျွန်တော်တို ၁၉၉၀ကျော်ကာလ ဘန်ကောက်မြိုတော်မှာ နေစဉ် ဆယ်လူလာဖုန်း မသုံးနိုင်သေးတဲ့ လူအများစုက စာတိုပို ဆက်သွယ်ရန်လက်ကိုင်ဖုန်း အစားထိုး တွင်တွင်ကျယ်ကျယ် သုံးခဲ့ဖူးတဲ့ ဆက်သွယ်ရေး Devices တစ်မျိုးပဲ ဖြစ်ပါတယ်ခင်ဗျ။)

Crd.

Post a Comment

Previous Post Next Post