ရေးမြို့နယ်တွင် အကြမ်းဖက် KNU/PDF ၂ ဦးအား ပစ်ခတ်ဖမ်းဆီးခဲ့

Views

 

စက်တင်ဘာ ၂၄ ရက်နေ့၊ နံနက်၈နာရီအချိန်က လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရေး-သံဖြူဇရပ်သွားကားလမ်း၊‌ မော့ကနင်ကျေးရွာအနီးတွင်လုံခြုံရေးဆောင်ရွက်နေစဉ် မြို့ဟောင်းကုန်းကျေးရွာဘက်မှ အသက်(၂၅)နှစ်ခန့်ရှိ မသင်္ကာဖွယ်ရာ အမျိုးသား ၂ ဦးသည် လမ်းလျှောက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရပ်တန့်၍ အစစ်ဆေးခံရန် ပြောကြားခဲ့သော်လည်း ထွက်ပြေးသဖြင့် သေနတ်ဖြင့်ခြောက်လှန့်ပစ်ခတ်ခဲ့‌ကြောင်း၊ ၎င်းမသင်္ကာဖွယ်ရာအမျိုးသား ၂ ဦးလုံးအား အခင်းဖြစ်ရာနေရာအနီးတစ်ဝိုက်တွင် အသေပစ်ခတ်ဖမ်းဆီးရမိကြောင်း၊ ၎င်းတို့နှင့်အတူပါလာသော ကျောပိုးအိတ်(အပြာရောင်)အတွင်းမှ 

✳️ထိုင်းနိုင်ငံထုတ် ရှေ့ထွက်မိုင်း -၁လုံး

✳️ဖြူးစ် -(၂)ချောင်း

✳️‌အရှည်ပေ ၄၀ခန့်ရှိဝါယာကြိုး(နီ/နက်)ခွေ -၁ခွေ

✳️ဓာတ်ခဲအိမ် -၁ခု

✳️ကရင်အင်္ကျီ -၂ထည် 

ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။


Saw Ba Maung

Post a Comment

Previous Post Next Post