ICOM လက်ကိုင်စကားပြောစက်တွေ ထပ်မံပေါက်ကွဲခဲ့လို လက်ဘနွန်မှာ ဟဇ်ဘိုလာအဖွဲ့ ဝင်တွေ ၁၄ ဦး ထပ်မံသေဆုံးခဲ့ပြီး ၄၅၀ ကျော် ထိခိုက်ဒဏ်ရာရ

Views

 

စက်တင်ဘာ ၁၇ ရက်မှာ ဟဇ်ဘိုလာတိုရဲ့ ဆက်သွယ်ရေးစက်တွေဖြစ်တဲ့ Pager ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၉ ဦး သေဆုံးခဲ့ပြီး ထောင်နဲ့ချီ ဒဏ်ရာရခဲ့ကာ အီရန်သံအမတ်တစ်ဦးပါ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

-

Pager တွေ ပေါက်ကွဲမှုဖြစ်ပြီး နောက်ရက် စက်တင်ဘာ ၁၈ မှာ ICOM လက်ကိုင်စကားပြောစက်တွေ ထပ်မံပေါက်ကွဲခဲ့လို လက်ဘနွန်မှာ ဟဇ်ဘိုလာအဖွဲ့ ဝင်တွေ ၁၄ ဦး ထပ်မံသေဆုံးခဲ့ပြီး ၄၅၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

-

Pager ဆိုတာက ဆက်သွယ်ရေးလိုင်းကို ကြားဖြတ်ထောက်လှမ်းလို့မရအောင် ဟဇ်ဘိုလာတွေက အသုံးပြုနေတဲ့ ၁၉၉၀ ပြည့်နှစ်လွန်တွေတုန်းက ဖုန်းတွေ တွင်တွင်ကျယ်ကျယ်မသုံးခင်က သုံးခဲ့တဲ့ ဆက်သွယ်ရေးပစ္စည်းတွေလည်း ဖြစ်ပါတယ်။ Pager နဲ့ လှိုင်းနှုန်းမြင့် ICOM စကားပြောစက်တွေကို လွန်ခဲ့တဲ့ ၅ လတည်းက အသုံးပြုဖို့ ဝယ်ယူထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

-

အခုတိုက်ခိုက်မှုကို ကြည့်လျှင် အစ္စရေးအနေနဲ့ အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားတဲ့ ဟဇ်ဘိုလာအဖွဲ့ကို ခေတ်မီနည်းပညာ အသုံးပြုပြီး လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ခဲ့တာကို တွေ့ရပါတယ်။

-

မြန်မာနိုင်ငံမှာလည်း အကြမ်းဖက်အဖွဲ့တွေနဲ့ သောင်းကျန်းသူတွေကို တိုက်ခိုက်တဲ့နေရာမှာ အခုလိုမျိုး ခေတ်မီနည်းပညာနဲ့ တိုက်ခိုက်နိုင်မယ်ဆိုလျှင် လူအင်အားကို အသုံးပြုစရာမလိုဘဲ နည်းပညာနဲ့ ရန်သူတွေကို ထိခိုက်မှုများအောင်တိုက်ခိုက်နိုင်မှာပဲ ဖြစ်ပါတယ်။


မင်းခန့်

Post a Comment

Previous Post Next Post