မှော်ဘီလေတပ်ကို ဗုံးခွဲမည့် Dark Shadow အဖွဲ ဗုံးမခွဲမီ ၂ ဦး ဖမ်းဆီးခံရ၍ ရန်ကုန်မှပါ ထွက်ပြေး

Views




မှော်ဘီလေတပ်ကို ဗုံးခွဲဖို လုပ်ဆောင်တဲ့ Dark Shadow PDF အဖွဲဟာ ဗုံးမခွဲခင်မှာတင် ၂ ဦးဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။


ဒီဖြစ်စဥ်က စက်တင်ဘာ ၁၅ ရက်နေ့မှာဖြစ်ခဲ့တာဖြစ်ပြီး Dark Shadow အဖွဲရဲ့ စစ်ဆင်ရေးအဖြစ် မှော်ဘီလေတပ်စခန်းကို တိုက်ခိုက်ဖို့ပြင်နေချိန်မှာပဲ Dark Shadow PDF နှစ်ယောက် ဖမ်းဆီးခံလိုက်ရတာကြောင့် ကျန်တဲ့ Dark Shadow PDF တွေက မှော်ဘီလေတပ်ကို ဆက်မတိုက်ခိုက်ရဲတော့ဘဲ ရန်ကုန်ကနေပါ ဆုတ်ခွာပြေးခဲ့ကြတာပါ။


"သတင်းကောင်း ယူမလာနိုင်ခဲ့ဘဲ ဆုံးရှုံးခဲ့ရပြန်တယ်"လို့ Dark Shadow အဖွဲဦးဆောင်တဲ့ ချမ်းငြိမ်းသူ(ရဲဘော်အရိပ်) က သူ့ Myaday မှာ ဖော်ပြထားပါတယ်။


ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်ကလည်း သန်လျင်တံတားအမှတ် (၃) ဖွင့်ပွဲကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ဖို့ကြံစည်ခဲ့တဲ့ အကြမ်းဖက်သမား ၁၃ ဦး ဖမ်းမိခဲ့ပြီး နောက်ကွယ်က စေခိုင်းသူဟာ NUG ကာကွယ်ရေးဝန်ကြီးရည်မွန်ဖြစ်တယ်လို သတင်းထုတ်ပြန်ခဲ့သလို ဖမ်းဆီးခံ ၁၃ ဦးထဲမှာ Dark Shadow PDF အဖွဲဝင် ၄ ဦးပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Post a Comment

Previous Post Next Post