Congratulations ပါ ကန့်ဘလူဗျူဟာ

Views


ကန့်ဘလူဘက်က မဒေါင်းလှရွာနဲ့ မလည်စခန်းကို လာတိုက်တာ ဒိုဇာတွေကို သံပြားတွေကာပြီး ရှေ့ကနေ ၁ စီးစီ အသုံးပြုတိုက်လာတာ တွေ့ရတယ်။ အဲလိုဒိုဇာတွေကို စိန်ပြောင်းနဲ့ပစ်ဖို မလွယ်လှဘူး။ (တည့်တည့်ကျရင်တော့ တစ်မျိုးပေါ့)။

-

ဒါကြောင့် ဗျူဟာမှူးက လက်ရွေးစင် RPG သမား ၂ ဦးစီ အဖွဲ့တွေ ဖွဲ့လိုက်တယ်။ ရှေ့ဆုံးက တက်လာတဲ့ ဒိုဇာတွေကို RPG နဲ့ အရင်ချေမှုန်းတယ်။ ဒိုဇာထိသွားရင် အကြမ်းဖက်တွေ ရှေ့မတက်ရဲတော့ဘူး .. ပြန်ပြေးကြတယ်။

-

အဲဒီလို RPG အဖွဲ့နဲ့ ချေမှုန်းတဲ့အတွက် မဒေါင်းလှရွာကို လာတိုက်တဲ့ (ပုံပါ) ဒိုဇာ ၁ စီးနဲ့ မလည်စခန်းကို လာတိုက်တဲ့ ဒိုဇာ ၁ စီးကို စစ်ကူလိုက်လာတဲ့ ကွန်မန်ဒိုစစ်ကြောင်း (ပသစအပါ) တွေက သိမ်းမိလိုက်တယ်။ ဒိုဇာ မောင်းတဲ့ အကြမ်းဖက်တွေကတော့ စိတ်မကောင်းစွာ +အ+သ+က်+‌ေ+ပျာ+က်သွားတယ်။

-

ဒိုဇာမရှိတော့ဘူးဆိုတော့ အကြမ်းဖက်တွေလည်း ငြိမ်သွားတယ် (ဘာတွေကြံနေသလဲတော့မသိ)။ မည်သို့ပင်ဆိုစေ မလည်စခန်းက ကွန်မန်ဒိုစစ်ကြောင်းက ကြိုက်တဲ့ဒိုဇာ၊ ကြိုက်တဲ့သူ တက်လာခဲ့ဆိုပြီး RPG ကိုင်ပြီးစောင့်နေပါတယ်။ သတ္တိရှိရင် တော့ မလည်စခန်းကို သွားကြပေါ့။

-

လိုင်းအခက်အခဲကြောင့် မလည်စခန်းနားမှာ ချေမှုန်းနိုင်ခဲ့တဲ့ ဒိုဇာပုံ ရရင်ထပ်မံတင်ပေးပါမယ်။ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ ကန့်ဘလူဗျူဟာမှူးနဲ့တကွ ကွန်မန်ဒိုစစ်ကြောင်း၊ အထူးပသစများ၊ ရဲတပ်ဖွဲ့ဝင်များကို အထူးပင် လေးစားဂုဏ်ယူမိပါတယ်။

KT

Post a Comment

Previous Post Next Post