မူဆယ်(ကျားဖြန့်)ဖမ်းဆီးရရှိမှု နောက်ဆက်တွဲသတင်း

Views


စက်တင်ဘာ ၂၇ ရက်နေ့
မနက်ပိုင်းတွင် တပ်မတော်နှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ သည် မူဆယ်တပ်နယ်အတွင်း တရားမဝင်(ကျားဖြန့်) တရုတ်နိုင်ငံသားများအား ဖမ်းဆီးရမိသည့် မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ အိမ်အမှတ် (၇၄) နေအိမ်အား ထပ်မံရှာဖွေစစ်ဆေးရာ ရေကန်အတွင်းမှ -

* Type-81 သေနတ် ၄ လက်

သိမ်းဆည်းရရှိခဲ့ပါတယ်။

-

အလားတူ ညနေပိုင်းတွင် တပ်မတော်ကွန်မန်ဒိုအဖွဲနှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့သည် မူဆယ်မြိုအတွင်း အသေးစိတ်ရှာဖွေရှင်းလင်းရာ မင်္ဂလာမူဆယ်အိမ်ရာ အဆောက်အဦအနီးတွင် ရပ်ထားသော Crown မော်တော်ယာဉ်အတွင်းမှ -

(၁) M-16 သေနတ် ၁ လက်

(၂) M-22 သေနတ် ၂ လက်

(၃) Type-81 သေနတ် ၂ လက်

(၄) ကျည်မျိုးစုံ ၁၀၀ ခန့်/ ကျည်အိမ် ၄ ခု

တိုအား ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။

-

ယခုလက်ရှိအချိန်ထိ တပ်မတော်နှင့် ပြည်သူ့စစ်အဖွဲများသည် မူဆယ်မြိုနယ်အတွင်း တရားမဝင်(ကျားဖြန့်) နှိမ်နင်းရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိ တရုတ်နိုင်ငံသားများအား လွှပြောင်းပေးလျက်၍ မြန်မာနိုင်ငံသားများအား တည်ဆဲဥပဒေများနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

-

( ပုံများအား ထပ်မံဖော်ပြပေးပါမည် )


တိုက်ပွဲသတင်းစုံ

Post a Comment

Previous Post Next Post