ငယ်ငယ်တုန်းက အိမ်ကအဖေ့လိုပေါ့

Views

 

ငယ်ငယ်တုန်းက အိမ်ကအဖေ့လိုပေါ့။ 

-

မိသားစုက အလှူသွားဖို့ပြင်ပြီးပြီ .. ကိုယ်တွေက အိမ်ရှေ့မှာ ဘောလုံးကန်လို့ ကောင်းတုန်း။

-

အဖေက လက်နောက်ပစ်လို့ အိမ်ရှေ့ထွက်လာပြီး “ငါ့သားကစားလို့ကောင်းတုန်းပဲလား?” ဆိုပြောပြီး အိမ်ထဲပြန်လှည့်သွားတယ်။ လက်နောက်ပစ်ထားတာ အလကားမဟုတ်ဘူး နောက်မှာကြိမ်လုံးကြီး တမင်ကိုမြင်အောင် ပြထားတာ။ 

-

ဆက်ကစားနေကြည့်ပါလား? ရှယ်ကိုမှ ဇွန်းရောပန်းကန်ရောတပ်ပြီး အတွယ်ခံရမှာ.. လက်နောက်ပစ်ပြီး ပြုံးပြုံးလေးပြောသွားပေမယ့် နောက်ကကြိမ်လုံးမြင်အောင်ပြသွားတယ်ဆိုတာ။

-

“အလှူလိုက်ဖို့အတွက် ကစားနေတာ ရပ်တန်းကရပ်မလား? ကြိမ်နဲ့အတွယ်ခံမလား?” ကြိုက်တဲ့လမ်းရွေး။ 

-

ခုလည်းဒီသဘောပဲ………


KT 

Post a Comment

Previous Post Next Post