တရုတ်က စတုတ္တမြောက်မျိုးဆက် တိုက်ချင်းပစ်ဒုံးပျံကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

Views

 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဒီနေ့စက်တင်ဘာ ၂၅ ရက်နေ့ မနက်မှာ  မဟာဗျူဟာမြောက် လက်နက်ဖြစ်တဲ့တိုက်ချင်းပစ်ဒုံးပျံ ဒေါင်ဖန်း-၄၁ DF-41 (ICBM) ကို အောင်မြင်စွာစမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ လူသိရှင်ကြား ထုတ်ပြန်ထားပါတယ်။

-

DF-41 တိုက်ချင်းပစ်ဒုံးကျည်ကို ဟိုင်နန်ကျွန်းမှာရှိတဲ့ ရွေ့လျားဒုံးပစ်စင်တစ်ခုက‌နေ ပစ်လွှတ်ခဲ့တာဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာတွင်းရှိ ပစ်မှတ်‌နေရာကို ထိမှန်ခဲ့တယ်လို့ တရုတ်တပ်မတော် PLA က ထုတ်ပြန်ထားပါတယ်။

-

DF 41 တိုက်ချင်းပစ်ဒုံးပျံက နျူကလီးယားထိပ်ဖူး ၁၀ ခုအထိ သယ်နိုင်ပြီး ကီလိုမီတာ ၁၅,၀၀၀ (မိုင် ၉,၃၀၀) ကျော်ကို ပျံသန်းတိုက်ခိုက်နိုင်တယ်လို့ ဆိုထားပါတယ်။ 

-

ဒီအကွာအဝေးအရဆိုရင် အမေရိကန်မှာရှိတဲ့ မြိုကြီးတွေကို မိနစ်ပိုင်းအတွင်း ပြာပုံအထိရောက်အောင် တိုက်ခိုက် နိုင်စွမ်းရှိပါတယ်။

-

အမေရိကန်နိုင်ငံ၊ ဒီလာဝဲလ်မြို့မှာ တရုတ်ကို ထိန်းချုပ်ဖို  QUAD အဖွဲ့ရဲ့ အစည်းအဝေးလုပ်နေတဲ့အချိန်မှာပဲ မစမ်းသပ်တာကြာပြီဖြစ်တဲ့ တိုက်ချင်းပစ်ဒုံးပျံကို ပစ်လွှတ်စမ်းသပ်တာဟာ တရုတ်က စစ်ရေးအင်အားကို ပိုပြီးတိုးချဲ့လာမယ့် အရိပ်အယောင်ပါပဲ။

-

တရုတ်ကို ထိန်းချုပ်ဖို့ကြိုးစားနေတဲ့ အမေရိကန်နဲ့ မဟာမိတ်တွေက အင်ဒို-ပစိဖိတ်ဒေသကို ပိုပြီး အာရုံစိုက်လာနေတယ်လို့ ယူဆရပါတယ်။ အဆိုပါအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ QUAD အဖွဲ့၀င်ဖြစ်တဲ့ အိန္ဒိယရဲ့ သဘောထားက ဘယ်လိုမျိုးဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


မင်းခန့်

Post a Comment

Previous Post Next Post