မိုင်ပေါင်း ၁,၃၀၀ ကျော်ဝေးတဲ့ ယီမင်နိုင်ငံက ဟူသီသူပုန်တွေ ထိန်းချုပ်ထားတဲ့ နေရာကို အစ္စရေးက ဗုံးကြဲ

Views


စက်တင်ဘာ-၃၀


အစ္စရေးနိုင်ငံ၊ တဲလ်အဗီးမြို့မှ မိုင် ၁,၃၀၀ ခန့် ကွာဝေးတဲ့ အာဖရိကတိုက်၊ ယီမင်နိုင်ငံထဲက ဟူသီသူပုန်တွေ သိမ်းပိုက်ထားတဲ့ Hodeidah ဆိပ်ကမ်းမှာရှိတဲ့ဓာတ်အားပေးစက်ရုံကို မနေ့က အစ္စရေးတိုက်လေယာဉ် ဒါဇင်နှင့်ချီ အသုံးပြုပြီး ပျံသန်းတိုက်ခိုက်ခဲ့ပါတယ်။

-

ဒီတိုက်ခိုက်မှုအပြီးမှာ အစ္စရေးကာကွယ်ရေးဝန်ကြီး ဂဲလန့်က အစ္စရေးနိုင်ငံအတွက် ရန်သူတွေကို မည်သည့် နေရာမှာမဆို တိုက်ခိုက်ချေမှုန်းလို့ရကြောင်း ပြောကြားလိုက်ပါတယ်။

-

အစ္စရေးက အခုသီတင်းပတ်အတွင်းမှာပဲ လက်ဘနွန်နိုင်ငံထဲက အကြမ်းဖက်သမားတွေလို သတ်မှတ်ထားတဲ့ ဟဇ်ဘိုလာတွေကို ချေမှုန်းတိုက်ခိုက်ရာမှာ လေကြောင်းအင်အားအများအပြားကို သုံးစွဲပြီး တိုက်ခိုက်မှုကြောင့် ဟဇ်ဘိုလာတွေ အများအပြားထိခိုက်သေဆုံးခဲ့ရပြီး ပြည်သူတွေလည်း ထိခိုက်မှုတွေရှိနေခဲ့ပါတယ်။

-

နိုင်ငံတကာကန့်ကွက်ပေမယ့်လည်း အစ္စရေးက သူ့ရဲ့ရန်သူတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဆိုထားပါတယ်။ အစ္စရေးကတော့ သူ့နိုင်ငံကို ကာကွယ်ဖို့အတွက်ဆိုပြီး ဂရုမစိုက်ဘဲ အကြမ်းဖက်သမားလို့ သတ်မှတ်ထားတဲ့ အဖွဲ့တွေကို လေကြောင်းကနေ ဆက်လက်ဗုံးကြဲနေတုန်းပါပဲ။

မင်းခန့်

Post a Comment

Previous Post Next Post