ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့်ဌာနဆိုင်ရာဝန်ထမ်းများမှ သန့်ရှင်းရေးဆောင်ရွက်

Views

 


၂၀၂၄၊ စက်တင်ဘာ  ၃၀


ရပ်ကွက်/ကျေးရွာများမှ ကူညီရွှေ့ပြောင်းရန် လိုအပ်နေသူများကို အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးအပ်လျက်ရှိရာ ယနေ့တွင်လည်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်ရှိ ရေကြီးရေလျှံဖြစ်ပေါ်နေသည့် ရပ်ကွက်/ကျေးရွာများနှင့် ရေပြန်လည်ကျဆင်းသွားသည့် နေရာများတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ ကူညီကယ်ဆယ် ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ရေများပြန်လည်ကျဆင်းသွားသည့်နေရာများရှိ လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ သောင်တင်ကျန်ခဲ့သည့် နှုန်းများ၊ သစ်ပင်သစ်ကိုင်းများ ဖယ်ရှားပေးခြင်း အပါအဝင် သန့်ရှင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ရွှေနေကြာ

Post a Comment

Previous Post Next Post