သေချာတွေးတော့ ထင်းထင်းပေါ်

Views


ကိုးကန့်တွေထုတ်ပြန်လိုက်တဲ့စာအရ စဉ်းစားကြည့်ရင် NUG တို့ လေလုံးထွားခဲ့သလိုမျိုး အာဏာရှင်တော်လှန်ရေး ခေါင်းစဉ်အောက်က EAO တွေကပဲ သူတို့ကို ကူညီပြီး တော်လှန်ပေးသလိုလို အိပ်မက်ကြီးဟာ ပျက်ပြယ်သွားခဲ့ပါပြီ။ 

-

ဒါပေမယ့် MNDAA/ TNLA /BPLA/ AA စသည့် EAO တွေလူလည်ကျ နှစ်ပေါက်တစ်ပေါက်ရိုက် အသုံးချခံလိုက်ရတာကတော့ ပဒက်တွေပဲဖြစ်ပါတယ်။ လားရှိးတိုက်ပွဲစဉ်မှစပြီး ရခိုင်ပြည်နယ်တိုက်ပွဲစဉ်တွေအလယ် ယခုတောင်ခမ်းတိုက်ပွဲစဉ်တွေအဆုံးမှာ အကျအဆုံးအများဆုံးက ဘယ်သူတွေလဲဆိုတာ မြေပြင်မှာရှိတဲ့ ပဒက်တွေအသိဆုံးဖြစ်မှာပါ။ 

-

EAOs တွေက အစိုးရကို နှစ်ပေါင်း ၇၀ ကျော် လက်နက်ကိုင်တိုက်လာကြတာ။ နိုင်ငံရေးပါးက ဝ နေပြီ။ မနေ့တနေ့ကမှ ပေါ်လာတဲ့ NUG က ဒိုင်ဗင်ပစ်ဝင်ပြီး ဈေးဗန်းခင်းတာကို လက်မခံဘူး။ စာတွေထုတ်ပြီး ငြင်းတယ်။ ဒီစာကလည်း တင်လိုက် ဖြုတ်လိုက်နဲ့ MNDAA တွေ တိုင်ပတ်နေတယ်။ ၄ ရက်နေ့ကတည်းက ထုတ်တဲ့စာကို မနေ့ညက တစ်ခါပြန်တင်တယ်။ တရုတ်ရဲ့ ဖိအားတွေပါတယ်ဆိုတာ တွေ့မြင်နိုင်တယ်။ အမှန်က တရုတ်က သူ့မွေးစားသားနဲ့ CIA မွေးစားသားကို ခွဲထုတ်နေတာပါ။

-

ဒီထုတ်ပြန်ချက်ကိုအားလုံးခြုံပြီး ကောက်နှုတ်ကြည့်လိုက်ရင် 

(၁) MNDAA အနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးတစ်ခုတည်းကို ရည်ရွယ်

(၂) အနူဂျီတိုနဲ့ လားလားမှမသက်ဆိုင် 

(၃) တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအစိုးရများ၏ ဆန့်ကျင်ဘက်နိုင်ငံ သိုတည်းမဟုတ် ဆန့်ကျင်ဘက် အဖွဲအစည်း များနှင့် လုံးဝ လက်တွဲဆောင်ရွက်မည်မဟုတ်

(၄) ငြိမ်းချမ်းရေးဆွေးနွေးပေးရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာအစိုးရနှင့် ညှိနှိင်းပေးစေလို 

(၅) ပဒက်တွေကတော့ ရေစက်ချ သာဓုခေါ်လိုက်ကြပါတော့ ဆိုတဲ့ သဘောတရားအရ ယူဆရမှာဖြစ်ပါတယ်။ 

-

မြန်မာပဒက်တွေအမြင်မှန်ရသင့်နေပါပြီ။ အခုအချိန်အမြင်မှန်ရရင်တောင် အချိန်တော်တော်နှောင်းနေပြီ။ စားပွဲဝိုင်းဆွေးနွေးမှုတွေပြီးသွားရင် ပဒက်သီးသန့် ထီးထီးကြီးကျန်နေမှာပါ။ အဲ့အချိန်ကျမှ ABSDF လိုမျိုး “ဆောရီးပါဖီဖီ”ဆိုပြီး ပြန်လာလိုမရတော့ဘူး။ 

-

တွေးတောဆုံးဖြတ်မှုများ မှန်ကန်ကြပါစေဗျာ။

Post a Comment

Previous Post Next Post