မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်နေရာလုပွဲ

Views

 

NLD အစိုးရခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲမှာ နစကအစိုးရကို ဆန့်ကျင်ပြီး သူ့အနေနဲ့ NUG အဖွဲ့ကို ကိုယ်စားပြုကြောင်းလက်သုံးချောင်ထောင်ခဲ့လို့ နစကအစိုးရကနိုင်ငံ့ဝန်ထမ်းစည်းမျဉ်းဖောက်ဖျက်မှု၊ နိုင်ငံတော်သစ္စာ ဖောက်မှုတွေနဲ့ တရားဆွဲခံထားရပြီးနိုင်ငံသားအဖြစ်မှလည်း ပယ်ဖျက်ခံထားရတယ်လို့ သိရပါတယ်

-

နစကအစိုးရအနေနဲ့ ဦးကျော်မိုးထွန်းကိုဖြုတ်ပြီး အမေရိကန်စစ်သံမှူးလုပ်နေတဲ့ ဗိုလ်မှူးကြီး အောင်သူရိန်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် အစားထိုးခန့်အပ်ခဲ့ပေမဲ့ ကုလသမဂ္ဂရဲ့ လုပ်ထုံးလုပ်နည်းအရ Credentials Committee က NUG ကိုယ်စားပြု ဦးကျော်မိုးထွန်းနဲ့ နစက ကိုယ်စားပြု ဦးအောင်သူရိန် (ဗိုလ်မှူးကြီးဟောင်း) တို့ နှစ်ယောက်စလုံးကို တရားဝင်ခန့်အပ်ခြင်း မပြုပဲ ဆိုင်းငံ့လုပ်ထားပါတယ်

-

နှစ်စဉ် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) ကျင်းပချိန်မှာ Credentials Committee က ကိုယ်စားလှယ်ခန့်အပ်မှုကို ဆိုင်းငံ့ထားလို ၂၀၂၁ ခုနှစ်ကစပြီး ကုလသမဂ္ဂစင်မြင့်မှာ မြန်မာနိုင်ငံကိုယ်စားပြုသူမရှိဖြစ်နေရပါတယ်

-

Credentials Committee မှာ အမေရိကန်၊ တရုတ်၊ ရုရှားတို့က အမြဲတမ်းအဖွဲ့ဝင်ဖြစ်ပြီး ကျန် ၆ နိုင်ငံက အလှည့်ကျဖြစ်ပါတယ်..ကုလသမဂ္ဂသံတမန်ခန့်အပ်ရေးအတွက် အဲ့ဒီ Credentials Committee ၉ နိုင်ငံက ဆုံးဖြတ်ရပြီး အငြင်းပွားလာရင် မဲခွဲဆုံးဖြတ်ရပါတယ်

-

မြန်မာ့အရေးမှာတော့ မဲခွဲဆုံးဖြတ်ခြင်းမပြုလုပ်လို့ အသစ်မခန့်အပ်ပဲ အရင်ခန့်အပ်ထားသူက အမည်စာရင်းပေါက်ပါတယ်..သို့သော် မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ပြောဆိုခွင့်ပိတ်ပင်ထားပါတယ်..

-

ဒီနှစ် ၇၉ ကြိမ်မြောက် UNGA မှာတော့ Credentials Committee နိုင်ငံများအဖြစ် အမေရိကန်၊ တရုတ်၊ ရုရှား၊ လာအို၊ ဒိုမီနီကန်၊ ကိတ်ဗာဒီ၊ လိုက်ဘေးရီးယား၊ အင်တီကွာနဲ့ ဘာဘူဒါ၊ မိုနာကို တို့ကအမည်စာရင်းတင်သွင်းထားလို့ UNGA က အတည်ပြုရင် အဲဒိနိုင်ငံတွေက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဘယ်သူ့ကို ခန့်မလဲ ဆုံးဖြတ်မှာဖြစ်ပါတယ်

-

ဒီနှစ်စာရင်းပေးထားတဲ့ နိုင်ငံတွေထဲမှာ အမြဲတမ်း အဖွဲ့ဝင် မဟုတ်တဲ့ ၆ နိုင်ငံဟာ တရုတ်၊ ရုရှားတို့နဲ့ နီးစပ်မှုရှိတဲ့ နိုင်ငံတွေဖြစ်လို့ Credentials Committee မှာ မဲခွဲရင် နစက အသာစီးရနိုင်တယ်လို့ ထင်မြင်ယူဆနေကြောင်း သိရပါတယ်


ခင်ညိုချော 

Post a Comment

Previous Post Next Post