ဝ တွေရိုးသားရဲ့လား?

Views


တကယ်တော့ “ဝ”ကလည်း လူလည်ပါပဲ။ ၈၉ မှာ တပ်မတော်နဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ခဲ့တယ်။ ဒီစာချုပ်ကို အကြောင်းပြပြီး NCA ကိုလည်း လက်မှတ်ထိုးဖို့ မလိုဘူးလို့ ငြင်းဆန်ခဲ့သလို ဒေါ်စုလက်ထက်မှာလုပ်တဲ့ ၂၁ ရာစု ပင်လုံမှာလည်း တခြားလက်နက်ကိုင်တွေက ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌလောက်အဆင့်တွေ လွှတ်နေချိန်မှာ ၁၇၁ စစ်ဒေသက ဦးဆမ်လော့လောက်ကိုပဲ စေလွှတ်ခဲ့တာကြည့်ရင် NCA လမ်းကြောင်းကို အသိသာကြီး ရှောင်ဖယ်ခဲ့တယ်ဆိုတာလည်း တွေ့နိုင်တယ်။ 

----

နောက်တစ်ချက်က “ဝ”တွေဘက်က လောဘကြီးတဲ့ ပြဿနာကို သွားတွေ့တယ်။  ၁၉၉၅ နောက်ပိုင်း ရှမ်းပြည်အလယ်ပိုင်းမှာရှိနေတဲ့ “ဝ”ကို ခွန်ဆာကို တိုက်ထုတ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မိုင်းဆတ်ဘက်ကို “ဝ”တွေ ပို့ခဲ့တာရှိတယ်။ အပြန်အလှန်အားဖြင့် “ဝ”တွေကို နောက်ကွယ်က လက်နက်/ခဲယမ်းထောက်ပံ့ပေးခဲ့သလို ခွန်ဆာအဖွဲ့တွေ ထပ်ပြီး ခြေမချနိုင်အောင် “ဝ”လူမျိုး ၈ သောင်းလောက်ကို ခုလက်ရှိ “ဝ”တောင်ပိုင်းဆိုတဲ့ နေရာမှာ နေရာပြောင်းရွှေ့ရေး စီမံခဲ့ကြတယ်။ တကယ်တော့ သေသေချာချာ ပြန်စဉ်းစားကြည့်ရင် လက်ရှိ “ဝ”နေနေတဲ့ တောင်ပိုင်းမူရင်းနေရာဟာ ရှမ်းတွေရဲ့ နေရာပဲ။

----

အရင်တုန်းက မြောက်ပိုင်းဘက်က “ဝ”နယ်မြေကို ပြည်နယ်အဆင့် သတ်မှတ်ပေးရင် ၁၇၁ စစ်ဒေသလိုခေါ်တဲ့ မိုင်းဆက်ခရိုင်ထဲကနေ ဆုတ်ခွာပေးမယ်ဆိုတဲ့အကြောင်း အလွတ်သဘောပြောဆိုသံတွေကြားခဲ့ဖူးပေမယ့် ခုနောက်ပိုင်း ကျိုင်းတုံကိုတောင် တောင်းဆိုနေတယ်ဆိုတဲ့ အသံတွေလည်း ကြားနေရတယ်။ လားရှိးဖြစ်စဉ် မှာလည်း “ဝ”တွေ မလည်ရှုပ် လုပ်နေတာကို သိသိကြီးနဲ့ခံနေရသလို ခံစားမိစေတယ်။ 

----

သေချာတာကတော့ ပြည်နယ်အဆင့်သတ်မှတ်ချက်ဆိုတာကို ဘာနဲ့တိုင်းတာ သတ်မှတ်ဆုံးဖြတ်ကြမလဲဆိုတဲ့ ဝိရောဓိကို အရင်အဖြေရှာဖို့လိုမယ်လို ထင်မိတာပါပဲ။ လူဦးရေ အကျယ်အဝန်းနဲ့ ဆုံးဖြတ်ကြမှာလား၊ နေထိုင်တဲ့ တိုင်းရင်းသားလူမျိုးစုဖွဲမှုနဲ့ ဆုံးဖြတ်ကြမှာလားဆိုတာကတော့ တာဝန်ရှိတဲ့အစိုးရတွေအတွက် မဖြစ်မနေ ဆုံးဖြတ်ဖို့ လိုလာပြီလို့ထင်ပါတယ်။ ဥပမာ တောင်တန်းဒေသအဆင့်ကနေ ပြည်နယ်အဆင့် တိုးပေးခဲ့တဲ့ ချင်းပြည်နယ်ရဲ့ လူဦးရေဟာ ခရိုင် ၃ ခု၊ မြိုနယ် ၉ ခုပဲ ရှိသလို လူဦးရေအရလည်း တခြား ပြည်နယ်အဆင့် မရသေးတဲ့သူတွေနဲ့ မတိမ်းမယိမ်းရှိနေတဲ့ အနေအထားဟာ ထောက်ပြချင်စရာဖြစ်ရပ်လည်း ဖြစ်ပါတယ်။ တိုးတက်လာတဲ့  ဒီဘက်ခေတ်မှာ ဘယ်ဒေသမှာမှ လူမျိုးစုတစ်ခုတည်း သီးသန့်နေထိုင်ကြတာမျိုးတော့ မရှိတော့ပါဘူး။ လူမျိုးစွဲဖြစ်စေတဲ့ သတ်မှတ်ချက်တွေကို မပြင်နိုင်ရင်တော့….ပြည်နယ်သစ်ပြဿနာတွေဟာ နောင်မှာ ကြီးကြီးမားမား ဖြေရှင်းရမယ့် ပြဿနာတွေအဖြစ်နဲ့ ကြီးထွားလာပါဦးမယ်။ 


(နရီမိုး)

Post a Comment

Previous Post Next Post