တိုက်ပွဲသတင်း (တောင်ခမ်း)

Views


စက်တင်ဘာ ၂၁ ရက်၊ နေလည်ပိုင်းအချိန်တွင် တောင်ခမ်းဒေသအတွင်း နယ်မြေရှင်းလင်း၍ အောင်မြေချဲ့နေသော စစ်ကြောင်းသည် သတင်းအရ  ရန်သူကာကင်းကုန်းတစ်ခုအား တိုက်ခိုက်ရှင်းလင်းရာ အကြမ်းဖက် TNLA/PDF ၃၀ ဦးတို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရန်သူမှာ ကျဆုံးအလောင်းများ ဆွဲ၍ ထွက်ပြေးသွားသဖြင့် ၎င်းကာကင်းကုန်းကိုရရှိခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ -

(၁) အကြမ်းဖက် TNLA/PDF အလောင်း ၄ လောင်း

(၂) Type-81 သေနတ် ၄ လက်

(၃) ဆက်စပ်ပစ္စည်း အများအပြား

သိမ်းဆည်းရရှိခဲ့ပါတယ်။

-

ဖြစ်စဉ်ပါ ရရှိရန်သူ့အလောင်း ၄ လောင်းထဲတွင် ၁ ဦးမှာ ဝဲလက်မောင်း ပြတ်ထွက်ဒဏ်ရာ ပြင်းထန်စွာရရှိထားသော်လည်း မိမိတပ်ဖွဲ့များရှိရာသို့ ဆေးကြောင်ကြောင်ပြီး သွေးရူးသွေးတမ်းပြေးလာသဖြင့် ပစ်ချလိုက်ရကြောင်း သိရှိရပါတယ်။ 

-

လက်ရှိတောင်ခမ်းဒေသတွင် လေကြောင်းပစ်ကူ ထိရောက်မှု၊ လနကပစ်ကူတိကျမှု၊ တောင်ခမ်းမှ တပ်မတော်သားများ၏ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်မှုတို့ကြောင့် အကြမ်းဖက် TNLA အများစုဟာ နောင်ချိုဘက်သို ဆုတ်ခွာထွက်ပြေးလျက်ရှိပါတယ်။ ရန်သူသည် အဖွဲ့ငယ်များဖြင့်သာ နှောင့်ယှက်တိုက်ခိုက်နေသဖြင့် စစ်ကြောင်းများနှင့် ကြိုကြားကြိုကြား ထိတွေ့မှုများ ဖြစ်ပွားလျက်ပါတယ်။ ရန်သူအနေဖြင့် မူးယစ်ဆေး/ ရိက္ခာ/ ခဲယမ်းများ နည်းပါးနေပြီး ၎င်းတိုရဲ့ LOC ထောက်ပို့လမ်းကြောင်းအား တပ်မတော်မှ ဖြတ်တောက်ပိတ်ဆို့လျက်ရှိပါတယ်။

-

တောင်ခမ်းတွင် တပ်ဖြည့်အကူများ ရောက်ရှိနေပြီးဖြစ်သလို ပစ်ကူများကိုလည်း ယခုထက်ပိုမို ထိရောက်ပစ်ကူများ ပေးသွားမည်ဖြစ်ပြီး တောင်ခမ်းမှ စွမ်းစွမ်းတမံတိုက်ပွဲဝင်ခဲ့တဲ့ တပ်မတော်သားများကိုလည်း စွမ်းရည်ဘွဲတံဆိပ်များ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

-

Congratulations ပါ တောင်ခမ်း ..


(အလောင်းပုံများအား ထပ်မံဖော်ပြပေးပါမည်)

တိုက်ပွဲသတင်းစုံ

Post a Comment

Previous Post Next Post