အလှူရှင်များသို တိုက်တွန်းပန်ကြားချက် 🙏🙏🙏

Views

 

(၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်)

၁။  နိုင်ငံအတွင်း လတ်တလောဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် ခေတ္တလာရောက် နေထိုင်နေသူများနှင့် ရေဘေးသင့်ကျေးရွာ၊ ရပ်ကွက်များရှိ မိမိတို့ ၏ နေအိမ်များတွင် နေထိုင်လျက်ရှိသည့် ပြည်သူများအတွက် အလှူရှင်များက စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် အစားအသောက်များ လာရောက်လှူဒါန်းနေမှုများအား ဝမ်းမြောက်ဝမ်းသာစွာ တွေ့ရှိရပါသည်။

-

၂။  သို့ရာတွင် ပတ်ဝန်းကျင်ရာသီဥတု အခြေအနေအရ အလှူရှင်များမှ ပြင်ဆင်ချက်ပြုတ်လာသော အစားအသောက်များအား ချက်ချင်းစားသုံးခြင်းမပြုဘဲ သိုလှောင်သိမ်းဆည်းထားစဉ် အစာအဆိပ်သင့်ဖြစ်ပွားစေသော ရောဂါပိုးများ ပေါက်ပွားရှင်သန်စေမှုဖြစ်စေနိုင်ခြင်း၊ စားသုံးရန်မသင့်သည့် အခြေအနေများသို့ ရောက်ရှိစေနိုင်ခြင်းနှင့် အဆိုပါ အစားအသောက်များအား စားသောက်မိပါက အော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း စသည့်ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ ရောဂါများ ဖြစ်ပေါ်နေမှုများကြောင့် ရေဘေးသင့်ပြည်သူများအတွက် ပိုမို ဒုက္ခကြုံတွေ့စေကြောင်း တွေ့ရှိရပါသည်။

-

၃။  သို့ပါ၍ အလှူရှင်များအနေဖြင့် အစားအသောက်များ လာရောက်လှူဒါန်းရာတွင် ပြင်ဆင်ချက်ပြုတ်ထားသော အစားအစာများဖြင့် လှူဒါန်းခြင်းမျိုး မပြုဘဲ စခန်းများတွင် နေထိုင်သူများအား ပူပူနွေးနွေး ချက်ပြုတ်ကျွေးမွေးနိုင်ရန် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥနှင့် ချက်ပြုတ်ရန် လတ်ဆတ်သော အသား၊ ငါး စသည်တိုကို ပေးပိုလှူဒါန်းခြင်း၊ ပေးပိုလှူဒါန်းရာတွင် မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့များမှတစ်ဆင့်သာ ပေးပို့ လှူဒါန်းခြင်းနှင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် တာဝန်ယူဆောင်ရွက်နေကြသော စီမံခန့်ခွဲမှုအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက စခန်းများတွင် လှူဒါန်းကြသော အစားအသောက်များအား ကျန်းမာရေးနှင့် ညီညွတ်စေရန်နှင့် သန့်ရှင်းမှုရှိစေရန်  ကြီးကြပ်စစ်ဆေးခြင်းတိုကို ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော် ပန်ကြားအပ်ပါသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ

Post a Comment

Previous Post Next Post