အောက်တိုဘာလ ပထမပတ်တွင် နိုင်ငံအနှံ့ မိုးရွာမည်

Views

 


စက်တင်ဘာ (၃၀) ရက်မှ စပြီး အောက်တိုဘာလ ပထမပတ် ထဲတွင် နိုင်ငံအနှံ့ မိုးရွာသွန်းနိုင်ကြောင်း ပြင်ပမိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ရေးသားထားသည်။

-

ဧရာဝတီနှင့် ချင်းတွင်းမြစ်ဖျားပိုင်းတွင် မိုးအလွန်များနိုင်ပြီး အ‌ရှေ့မြောက်ဘက်မှ ဝင်လာမည့် မိုးတိမ်များ ရွေ့လျားရာလမ်းကြောင်းပေါ်ရှိ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတချို့တွင် (၂၄) နာရီအတွင်း မိုးများနိုင်ကြောင်း အသိပေးထားသည်။

-

မကွေးတိုင်းတွင် မကွေးမြိုပေါ်၌ (၂၄)နာရီအတွင်းရွာသွန်းမည့် မိုးရေချိန်မများနိုင်သော်လည်း သရက်၊ စလင်း၊ အောင်လံ(မြေဒူး) စသည့် မြို့များတွင် ၃၀ မီလီမီတာအထက်မှ ၄၀ မီလီမီတာအထက် (၂၄) နာရီအတွင်း ၁.၁၈ လက်မ မှ ၂ လက်မ နီးပါးအထိ) မိုးရွာနိုင်ကြောင်း ရေးသားထားသည်။

-

အလားတူ စစ်ကိုင်းတိုင်းအထက်ပိုင်းမှ ကလေးမြို့နယ်နှင့်၊ ချင်းပြည်နယ် တွန်းဇံမြို့နယ်များတွင် အောက်တိုဘာ (၁) ရက် နံနက် (၁) နာရီ မှ အောက်တိုဘာ (၂) ရက် နံနက် (၁) နာရီအထိ (၂၄)နာရီ အတွင်း မိုးရေချိန် (၆) လက်မခန့်မှ (၈) လက်မ ခွဲခန့်အထိ မိုးအလွန်များများ ရွာသွန်းနိုင်ကြောင်း၊ ကလေးမြို့နယ်အတွင်း မြစ်သာမြစ်ရေ တက်လာနိုင်ခြင်းအပါအဝင်၊ နယ်နိမိတ်ချင်း ကပ်လျှက်တည်ရှိနေသော ချင်းပြည်နယ် မြောက်ပိုင်းတွင်လည်း မိုးအလွန်များပြီး၊ တောင်ကျချောင်းရေ ရုတ်တရက်ကျဆင်းခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ကြောင်း ကြိုတင်အသိပေးထားသည်။

-

ထိုပြင် တာချီလိတ်မြို့နှင့်အနီးတဝိုက်၊ မယ်ဆိုင်ချောင်းတလျှောက် မိုးများနိုင်ပြီး ချောင်းရေမြင့်တက်လာနိုင်သည့် အတွက် ထပ်မံရေကြီးနိုင်ကြောင်း ဦးဝင်းနိုင်က ဆိုသည်။

Post a Comment

Previous Post Next Post